www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 19, 2017

ရှောက်ခါးသီး မှ ခြင်မကိုက်ရန် ဆေးဖော်စပ်ရာတွင် အောင်မြင်သဖြင့် တရားဝင်ထုတ်လုပ်မည်



ရန်ကုန် ၊ ၁၉-၁-၂၀၁၇

မြန်မာနိုင်ငံရှိ ရှောက်ခါးပင်မှ ရရှိသော ရှောက်ခါးသီး၊ အခွံနှင့် အရွက် များမှအဆီကို ထုတ်ယူကာ ပိုးလောက်လမ်း သေဆေး နှင့် ခြင်မကိုက်ဆေး စမ်းသပ်ရာ အောင်မြင်မှု ရရှိခြင်းကြောင့် တရားဝင် ထုတ်လုပ်၍ အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန ဆေးသုတေသန မှူး ဒေါက်တာ မောင်မောင်မြ ထံမှ သိရသည်။

''တိုင်းရင်းဆေးပင် တစ်မျိုးဖြစ်တဲ့ ရှောက်ခါးသီးရဲ့အဆီနဲ့ ခြင်တွေကို ထိရောက်စွာ နှိမ်နင်းဖို့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ကစပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကုန် အထိ ပြင်းအားအမျိုးမျိုးနဲ့ ဖော်စပ်ထားတဲ့ ရှောက်ခါးသီးရဲ့ အခွံ၊ အသီးတို့နဲ့ အဆီပြုလုပ် ထားတဲ့ ဖျော်ရည် အသီးသီးမှာ ခြင်သားလောင်းတွေ ကိုထားပြီး ခြင်မကိုက်အောင် ကာကွယ်နိုင်စွမ်း ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းသပ်တာ အောင်မြင်ခဲ့တယ်။ ဒါ့အပြင် (၄၅) ကြိမ်မြောက် ဆေးသုတေသန ဦးစီးဌာန စာတမ်းဖတ်ပွဲနဲ့ ပြိုင်ပွဲမှာလည်း ဒီဆေးဖော်စပ်မှုနဲ့ ပတ်သက်ပြီး ဒုတိယဆု ရရှိခဲ့တယ်။ ဒါကြောင့် တရားဝင် ထုတ်လုပ်သွားဖို့ ဆောင်ရွက်သွား မှာပါ'' ဟု ဒေါက်တာ မောင်မောင်မြ ကပြောသည်။

အဆိုပါ ခြင်မကိုက်ဆေးတွင် ဓာတုဆေးဝါး ဖြစ်သည့် တာရှည်ခံ ဆေးများ လုံးဝထည့်သွင်း ထားခြင်းမရှိဘဲ အသုံးပြုလျှင် အရေပြား ယားယံမှု ရှိ၊ မရှိကို ယုန်များဖြင့် စမ်းသပ်ရာ ၉၅ ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှောက်ခါးသီးမှ ရရှိသော အဆီနှင့် ထုတ်လုပ်ဖော်စပ် ထားသည့် ဆေးအပြင် မကွေးဒေသထွက် သစ်ပင်ဖြစ်သည့် စိန်ပန်းကလေး နှင့် ဇလပ်ပင် တို့မှရရှိသော အရွက်မှ အဆီကို ထုတ်ယူကာ ပိုးလောက်လမ်း သေဆေးနှင့် ခြင်မကိုက် လိမ်းဆေးကို ကြွက်နှင့်ပူး တို့ဖြင့် စမ်းသပ် ရာတွင်လည်း အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger