www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့် နှင့် 
ကြိုးဆွဲလက်ပစ်ဗုံးကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ် ၀န်းကျင်တစ်ဝိုက် တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ တစ်ချို့ရောက်ရှိ နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နံနက် ၂ နာရီခန့်မှစ၍ ရှောင်တခင် စစ်ဆေးခြင်း များဆောင်ရွက်စဉ် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့် အား ဇယန်းကြီးကျေးရွာရှိ ၎င်းနေအိမ်၌ လက်နက်မဲ့ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ခြံဝင်း အတွင်း ၀ါးရုံပင်များအောက်မှ ပလတ်စတစ် အဖြူရောင်ဖြင့် ထုတ်ပိုးထားသည့် ကြိုးဆွဲ လက်ပစ်ဗုံး ၁ လုံးအား သိမ်းဆည်းရမိ ခဲ့သည်။

စစ်ဆေး မေးမြန်းချက်များ အရ ၎င်းသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဟူးခင်ကျေးရွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းခံ ခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ထွက်ပြေးလာကာ ဇယန်းကြီးကျေးရွာ ၌ နေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ကနဦး သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း ရှိ/ မရှိနှင့် အကြမ်းဖက် သမားများနှင့် ဆက်စပ်သည့် သတင်းများ ရရှိရေး အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger