www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က အဖျက်လုပ်ငန်းများ လုပ်ဆောင်


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မှ လားရှိုးသို့ ပြန်လာသည့် တပ်မတော်ရိက္ခာပို့ ယာဉ်တန်းအား လားရှိုး-သိန်းနီ ပြည်ထောင်စု လမ်းမကြီး မိုင်တိုင် ၁၉၆/၇ အနီး စံလောင်းကျေးရွာ နှင့် နားဆော့ကျေးရွာ အကြားတွင် ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီ ၁၅ မိနစ်၌ KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ က မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်တန်းကြားတွင် လိုက်ပါလာသည့် Nissan ခြောက်ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း နိုင်ထွန်း သေဆုံးခဲ့ပြီး တပ်မတော်သား တစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရသည်။

မိုင်းထောင်ဖောက်ခွဲ ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့သို့ ထွက်ခွာလာသော တပ်မတော် ယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် ရှုခင်းသာရွာ အနီး မိုင်တိုင် ၂၃၃/၁-၂ ကြား၌ KIA လက်နက်ကိုင်အဖွဲ့က အာရ်ပီဂျီ/၄ဝ မမ/
လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းရာ အဆိုပါအဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားကြသည်။

KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များ၏ ပစ်ခတ်မှုကြောင့် တပ်မတော်ပိုင် မော်တော်ယာဉ် တစ်စီး ရှေ့ဘီးပေါက်ပြီး အင်ဂျင်အဖုံး လက်နက်ငယ် ထိမှန်ပျက်စီးကာ ယာဉ်တန်းကြား တွင် လိုက်ပါလာသော ၂၂ ဘီးယာဉ်မှ ယာဉ်မောင်း ဦးသန်းဌေးဦး နှင့် ယာဉ်နောက်လိုက် ဦးမင်းမင်းအောင် တို့သည် ဝဲဘက် ခြေဖမိုး၊ ဝဲယာ လက်မောင်း တို့တွင် လက်နက်ငယ် ကျည်ရှပ်မှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ဝ ရက် ည ၇ နာရီတွင် TNLA လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ကျောက်မဲမြို့နယ် ပန်ကွမ် ကျေးရွာသား ၂၁ ဦးအနက် ဦးငြိမ်းပါ ၁၃ ဦးသည် ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် ပန်ကွမ်ကျေးရွာသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ဝ ရက်က ရွာသား ၂၁ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားစဉ် ပန်ကွမ်ရွာသား အောင်မြင့်စိုး အား ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားခဲ့၍ ထိုနေ့က ဖမ်းဆီးခံရသူ ၂၂ ဦးဖြစ်ပြီး ၁၃ ဦး ပြန်လည် လွတ်မြောက်ခဲ့ကာ ကျန်ကိုးဦးအား TNLA လက်နက်ကိုင် အဖွဲ့က ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger