www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ်အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းကုန်းအား တပ်မတော် စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၁၉-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ အမာခံစခန်း ဖြစ်သည့် ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင် စခန်းကုန်းများအား သိမ်းပိုက်ခဲ့ပြီး နယ်မြေဆက်လက် ရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဂီဒုန်စခန်း၏ မြောက်ဘက် မီတာ ၈ဝဝဝ ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၇ဝ ခန့်အခြေပြုထားသည့် စခန်းခန့်မှန်း မြေပုံညွှန်း (LH-၆၉၃၈၂၈) နေရာအား တပ်မတော်စစ်ကြောင်း တစ်ခုမှ ချဉ်းကပ်ချေမှုန်း ခဲ့ရာ ညနေ ၃ နာရီခွဲခန့်၌ ထပ်မံသိမ်းပိုက် ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော် အတွက် အသက် စွန့်လွှတ်ခဲ့ရပြီး ရန်သူ့ထံမှ ၆ဝ မမစိန်ပြောင်း တစ်လက် အပါအဝင် လက်နက် နှစ်လက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့် မိုင်းမျိုးစုံ ၂၆ လုံးအား သိမ်းဆည်းရရှိ ခဲ့သည်။

KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရ အုပ်ချုပ်မှုအာဏာ တည်ရှိသည့် မြို့၊ ရွာများအတွင်း လူသစ်စု၊ ဆက်ကြေး ကောက်ခံခြင်း နှင့် မူးယစ်ဆေးဝါး အကြောင်း ပြချက်ဖြင့် ဥပဒေမဲ့ လုပ်ရပ်များအပြင် ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်များ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်ခြင်း၊ အကြောင်းမဲ့ မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်ခြင်းတို့အား လက်လွတ်စပယ် ဆောင်ရွက်ခြင်း အပြင် မြို့၊ ရွာများအနီး ဂီဒုန်စခန်း ကဲ့သို့ အရေးပါသော နေရာများ၊ မြေအနေအထား အသာစီးစိုးမိုးမှု ရနိုင်သော နေရာများသို့ ၄င်းတို့ စခန်းဌာနချုပ် များမှတစ်ဆင့် နယ်မြေချဲ့ထွင်၍ လျှို့ဝှက်စခန်း တည်ဆောက်ခြင်း များကြောင့်  တပ်မတော် စစ်ကြောင်းများ နှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် မှလည်း ယခုကဲ့သို့ နယ်မြေတိုးချဲ့ လျှို့ဝှက် တည်ဆောက်သည့် စခန်းများအား ထပ်မံစိစစ်၍ နိုင်ငံတော် အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့၏ အုပ်ချုပ်မှု ယန္တရား နယ်မြေအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ဆက်လက် ရှင်းလင်းချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger