www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 12, 2016

ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) တွင် Dusit Thani Yangon Hotel ထည့်သွင်းတည်ဆောက်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကပ်လျက် မြေနေရာ၌ ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ)တွင် ကြယ်ငါးပွင့် အဆင့်ရှိ Dusit Thani Yangon Hotel ကို ထည့်သွင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း Myanmar V - Pile Group of Companies နှင့် Dusit International Group မှ သိရသည်။

အဆိုပါ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၏ ပထမ လုပ်ကွက်တွင် လူဦးရေ ၄ဝဝဝ ကျော်ဆံ့သော နိုင်ငံတကာအဆင့်ရှိ ကွန်ဗင်းရှင်း စင်တာကို တည်ဆောက်လျက် ရှိပြီး ယခုအခါ ပထမအဆင့် အဖြစ် ကွန်ဗင်းရှင်းစင်တာ နှင့်တွဲဖက်၍ Dusit Thani Yangon Hotel စီမံကိန်းကို တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခု တည်ဆောက်မယ့် ကြယ်ငါးပွင့် Dusit ဟိုတယ်က နိုင်ငံတကာ အဆင့်မီ တည်ဆောက်မှာ ဖြစ်လို့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် လူဦးရေ ၄ဝဝဝ ကျော်ဆံ့တဲ့ နိုင်ငံတကာ အဆင့်မီ MCC ခန်းမကြီးကို တည်ဆောက် နေပါတယ်။ စီးပွားရေးဇုန် ကြီးမှာ တခြား အဆောက်အအုံ တွေလည်း ပါဝင်မှာပါ။ ဟိုတယ်ကိုတော့ ၂ဝ၂ဝ ပြည့်နှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထား ပါတယ်'' ဟု Myanmar VPile Group of Companies မှ Director ဒေါ်သင်းသင်းဟန် က ပြောသည်။

အသစ် တည်ဆောက်နေသော Dusit Thani Yangon Hotel သည် တောင်ကိုရီးယား နိုင်ငံ ဗိသုကာဒီဇိုင်းဖြင့် ထိုင်းနိုင်ငံ အခြေပြု ဟိုတယ်လုပ်ငန်းစု Dusit International Group မှ ဟိုတယ် စီမံခန့်ခွဲမှု အစီအမံများဖြင့် တည်ဆောက် သွားမည်ဖြစ်ကာ အခန်းပေါင်း ၃၃၈ ခန်း ပါဝင်ပြီး Ballroom Function and Meeting Room များ၊ Restaurant များ၊ ကားပါကင်များနှင့် တခြား ကြယ်ငါးပွင့် အဆင့်မီ ဝန်ဆောင်မှု များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger