www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ စစ်သံရုံးမိသားစုတွေ့ဆုံ ၊ ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက 
ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ကြိုဆိုစဉ်
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး နေအိမ်၌ စစ်သံရုံးမိသားစုများအား တွေ့ရစဉ်


နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပ ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) နှင့် 26th ASEAN Armies Rifle Meet (26th AARM) ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး နေအိမ်၌ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြတ် နှင့်ဇနီး၊ စစ်သံရုံး မိသားစုများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးတို့ ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ၄ဝ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ လေဆိပ်မှ ထွက်ခွာကြရာ ည ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဇနီးနှင့် အတူ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြပြီး လေဆိပ်၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger