www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကျင်းပ




ရန်ကုန် ၊ ၉-၁၂-၂၀၁၆

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အမေရိကန် နိုင်ငံ Baylor University အခြေစိုက် ACM-ICPC အဖွဲ့ကြီး၏ နည်းပညာပံ့ပိုး ကူညီမှုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ ပါဝင်သော ပထမဆုံး နိုင်ငံတကာ အဆင့်မီ 2016 Asia - Yangon Regional Programming Contest ပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာအကဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ အသီးသီးရှိ ပြိုင်ပွဲဝင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းနှင့် အဖွဲ့လိုက် မိတ်ဆက်ကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။

ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပရာ နိုင်ငံတကာ အဆင့်ပြိုင်ပွဲကြီး တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၉၅ ဦးပါဝင်သော ပြိုင်ပွဲဝင် အသင်းပေါင်း ၆၅ သင်းမှ ရွေးချယ် ထားသော အသင်း ၃၈ သင်းနှင့် Asia Pacific and Indochina Peninsula Regional ရှိ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း စသော နိုင်ငံခြား တက္ကသိုလ် ၁၄ ခုမှ အသင်း ၂၂ သင်းတို့ ယှဉ်ပြိုင်ကြသည်။

''ဒီပြိုင်ပွဲတွေ ကနေ နိုင်ငံကိုယ်စားပြု Programming ထူးချွန်တဲ့ ICT ကျောင်းသားအသင်းတွေ ပေါ်ထွက် လာစေမယ်။ Programming Problem တွေကို အသင်း အဖွဲ့လိုက် ဖြေရှင်းနိုင်တဲ့ Team Work အလေ့အကျင့် ကောင်းတွေ ရရှိလာပြီး ICT မျိုးဆက်ဖွံ့ဖြိုးရေး ကို အထောက်အကူပြု စေမှာဖြစ်ပါတယ်'' ဟု ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်မိုးနွယ် က ပြောသည်။

ယင်း Regional ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပကာ ပြိုင်ပွဲမှတစ်ဆင့် Level သတ်မှတ်ကာ ရွေးချယ်သွားမည် ဖြစ်ရာ ရွေးချယ်ခံရမည့် အသင်းများသည် အမေရိကန် နိုင်ငံ Rapid City ၊ South Dakota ၌ ၂ဝ၁၇ ခုနှစ် မေ ၂ဝ ရက်မှ ၂၅ ရက်အထိကျင်းပမည့် The 2017 ACM- ICPC World Final ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger