www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

(၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့်တာဝန်ရှိသူများ
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအား ကြိုဆိုနှုတ်ဆက်စဉ်

ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲပစ်ခတ်စဉ်တွင် ပထမဆုရွှေတံဆိပ် ရရှိခဲ့သည့်
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်သော (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ (26th ASEAN Armies Rifle Meet-26th AARM) သို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့ည ၆ နာရီ ၄ဝ မိနစ်တွင် တပ်မတော် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ လာရာ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

(၂၆) ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်ထိ ကျင်းပပြုလုပ် ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း မှ ပြိုင်ပွဲဝင်အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၃၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲ ပစ်ခတ်စဉ်တွင် ပထမဆု ရွှေတံဆိပ်၊ ရိုင်ဖယ် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ်တွင် ဒုတိယဆု ငွေတံဆိပ်နှင့် ကာဘိုင် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ် တွင် တတိယဆု ကြေးတံဆိပ် များကို အသီးသီး ရရှိခဲ့သည်။

မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ပစ္စတို အမျိုးသမီးအသင်း အနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပစ္စတိုအမျိုးသမီး ထိလဲ ပစ်ခတ်စဉ် ပြိုင်ပွဲ၌ နိုင်ငံ ၁ဝ နိုင်ငံမှ ပြိုင်ပွဲဝင် အသင်း ၁ဝ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အနက် ပထမအဆင့် ဆန်ခါတင် ခြောက်သင်း ရွေးချယ်ရာတွင် လည်းကောင်း၊ ဒုတိယအဆင့် ဆန်ခါတင် လေးသင်း ရွေးချယ်ရာတွင် လည်းကောင်း၊ အကြိုဗိုလ်လုပွဲ သုံးသင်း ရွေးချယ်ရာတွင် လည်းကောင်း ပါဝင်နိုင်ခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်၍ ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ရရှိသည် အထိ နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင် ထမ်းဆောင်နိုင် ခဲ့ကြောင်းနှင့် (၂၆) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း အနေဖြင့် နိုင်ငံအလိုက် အဆင့်လေး နေရာတွင် ရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger