www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 8, 2016

လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ



နေပြည်တော် ၊ ၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန်းနီမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စံလောင်းကျေးရွာ၊ လားရှိုး-သိန်းနီ ပြည်ထောင်စု ကားလမ်းမကြီး ဘေး မိုင်တိုင်အမှတ်၊ ၁၉၆/၇ အနီးမှ အချင်း ၃ လက်မ၊ အမြင့် ၆ လက်မခန့် အရွယ်ရှိ ပလတ်စတစ် ကော်ဘူးအမည်းဖြင့် ပြုလုပ်ထားပြီး အစိမ်းရောင် ပီနံအိတ်ဖြင့် ပတ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိရှင်းလင်း ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger