www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 12, 2016

ဆိပ်ကမ်းများ၌ ပူးပေါင်းညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး အခက်အခဲ ဖြစ်ပေါ်ပါက ဖြေရှင်းပေးမည်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ပြည်တွင်းရှိ ဆိပ်ကမ်းများ၌ ကုန်စည် စီးဆင်းမှု လွယ်ကူမြန်ဆန် စေရန် ပူးပေါင်း ညှိနှိုင်းရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး အခက်အခဲများ ဖြစ်ပေါ်ပါက ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပသော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ တတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်တွင် ဒီဇင်ဘာ ၇ ရက်မှစ၍ မောင်းနှင်နေသော ကွန်တိန်နာယာဉ် များကို ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ မောင်းနှင်ရမည် ဟု သတ်မှတ်ထား သော်လည်း အချိန်မီ ကုန်
များကို အမြန်ပို့ရန် အရေးတကြီး လိုအပ်ပါက ကွန်တိန်နာယာဉ် များသည် Hot Line ဖုန်းသို့ ဆက်သွယ်နိုင်ပြီး လုပ်ငန်းရှင်များ အဆင်ပြေစေရန် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အဖွဲ့မှ ကုန်စည်များ အတွက် အခက်အခဲဖြစ် နေပါက ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အကောက်ခွန်ဌာန သို့မဟုတ် ဆိပ်ကမ်း၌ ကြန့်ကြာနေခြင်း များကိုပါ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ကွန်တိန်နာယာဉ် များကို နေ့ဘက်တွင် ထွက်ခိုင်းခြင်းကို ရပ်၍ ညဘက်တွင် ထွက်ခိုင်းခြင်းမှာ လုပ်ငန်းရှင် များအား အခက်အခဲ ဖြစ်ရန် မဟုတ်ကြောင်း၊ နေ့ခင်းပိုင်းတွင် အများပြည်သူ သွားလာနေသည့် ယာဉ်ကြော ကို လျှော့လိုက်ခြင်းသာ ဖြစ်ပြီး ထိုကဲ့သို့ ပြောင်းလဲ လိုက်ခြင်းဖြင့် တခြားစီးပွားရေး ဆိုင်ရာ လုပ်ငန်းများကို ပို၍မြန်ဆန်စွာ လုပ်ဆောင်သွား နိုင်မည်ဖြစ်သည့် အပြင် ကုန်စည် စီးဆင်းမှုကိုလည်း ယခုထက်ပို၍ တိုးတက်ရန် ရည်ရွယ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger