www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 24, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပန်ဖိတ်ရွာ၏ အနောက်ဘက် မီတာ ၃၅ဝဝ ခန့်အကွာသို့ အရောက်၌ KIA/ TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၄ဝ ဦးခန့်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ အရှေ့တောင်ဘက် နှင့် အနောက် တောင်ဘက် သို့လည်းကောင်း၊ ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းသည် ကုန်းကြမ်းမြို့၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က သုံးနေရာဖြန့်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ အနောက်ဘက် နှင့် အနောက် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ 

အဆိုပါဖြစ်စဉ်များ အတွင်း တပ်မတော် မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းရာ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် ကုန်းကြမ်းမြို့၏
အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာ တောင်ယာဟောင်း ရှိ ကောက်ရိုးပုံ အတွင်း မှ ပလတ်စတစ်ဖြင့် ထုပ်ထားသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေး အမှုန့်တစ်ထုပ် ၁၈၅ ဂရမ် (ဒေသတန်ဖိုး ၃၅ သိန်းကျော်)အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger