www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 18, 2016



နေပြည်တော် ၊ ၁၈-၁၂-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် (အလယ်ရွာနှင့် တောင်ရွာကြား) ၌ ယမန်နေ့ ည ၆ နာရီ ၁ဝ မိနစ်ခန့်က လူနေထိုင်ခြင်း မရှိသော နေအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး ၁၅ ပေပတ်လည်ရှိ ဓနိမိုးထရံကာ နေအိမ်ငါးလုံး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ကျီးကန်းပြင် အနောက်ရွာမှ ရပ်မိရပ်ဖများ ပူးပေါင်း၍ မီးငြှိမ်းသတ် ခဲ့ရာ ည ၇ နာရီ မိနစ် ၅ဝ ခန့်တွင် မီးငြိမ်းသွားသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက် စုံစမ်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ  ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger