www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း လမ်းများအဆင့်မြှင့်တင်ရန် အိန္ဒိယနိုင်ငံမှ ချေးငွေရရှိနိုင်ရေး ဆောင်ရွက်



နေပြည်တော် ၊ ၁၉-၁၂-၂၀၁၆

ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ လမ်းများကို လိုအပ်သော အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှ ချေးငွေ ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းအတွက် အိန္ဒိယနိုင်ငံ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၂ဝ ရရှိရေးနှင့် ရခိုင်ပြည်နယ်ရှိ မောင်တော- အငူမော်- အလယ်သံကျော်လမ်း အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် အိန္ဒိယနိုင်ငံ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂ဝ ရရှိနိုင်ရေး ဆောင်ရွက် နေခြင်းဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင် ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အား နှင့် ရေပေးဝေရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆင်းရဲမှု လျှော့ချရေး ဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးမှု စီမံကိန်း (MYP-2) Phase-2 အရ လမ်းလုပ်ငန်းများ အတွက် ချေးငွေဂျပန် ယန်း ၁ဝ၅ဝ၇ သန်းဖြင့် နိုင်ငံ၏ ကျေးလက် ဒေသများ၌ လူမှုစီးပွား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဆင်းရဲမှု လျှော့ချရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ရခိုင်ပြည်နယ်ရှိ ငသိုင်းချောင်း- ဂွလမ်း နှင့် သံတွဲ-ဂွလမ်း၊ ချင်းပြည်နယ်ရှိ ကလေး- ဖလမ်း- ဟားခါးလမ်း နှင့် ဟားခါး-ဂန့်ဂေါ လမ်းများ အဆင့် မြှင့်တင်ရေး လုပ်ငန်း အတွက် ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ ၁ဝ၅ သန်းဖြင့် ဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။

ထို့ပြင် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မအူပင်- ကျိုက်လတ်- ဖျာပုံလမ်း အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ၊ ကရင်ပြည်နယ်ရှိ အိန္ဒု- ကော့ကရိတ်လမ်း အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၂ဝ ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger