www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

မူဆယ်နယ်စပ်ကုန်သွယ်မှု ရှစ်လကျော်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄ သန်းကျော် လျော့ကျခဲ့



မူဆယ် ၊ ၁၉-၁၂-၂၀၁၆

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း ၌ ရှစ်လကျော် ကာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၄ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်း ကုန်သွယ်ရေးစခန်း ၌ ယခုဘဏ္ဍာနှစ်စမှ ဒီဇင်ဘာ ၉ ရက်အထိ ရှစ်လကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၃၃၅ဝ ကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ပြီး ယခင်နှစ်ကာလတူ တွင် အမေရိကန် ဒေါ်လာ ၃၅၇၄ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ရာ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၂၂၄ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ မြေပဲနှင့် ရော်ဘာတို့ အပါအဝင် ရေထွက်ပစ္စည်း မျိုးစုံနှင့် သစ်သီးဝလံ မျိုးစုံ စသည်တို့ကို တင်ပို့မှုရှိပြီး အပြန်အလှန် အားဖြင့် မြန်မာနိုင်ငံသို့ ယာဉ်ယန္တရား၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ သံနှင့် သံမဏိပစ္စည်း များ တင်သွင်းခဲ့သည်။

ယခုဘဏ္ဍာနှစ်စမှ ဒီဇင်ဘာ ၉ ရက်အထိ မြန်မာနိုင်ငံမှ အိမ်နီးချင်း တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့သည့် ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၂၄၉ သန်းကျော် ရှိသော်လည်း ယခုနှစ်ကာလတူ တွင် အမေရိကန် ဒေါ်လာ ၂၄၇၆ သန်းကျော် တင်ပို့နိုင်ကြောင်း၊ တရုတ်နိုင်ငံမှ ပြည်တွင်းသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တင်သွင်းမှုတွင် ယခင်နှစ် ကာလတူထက် အမေရိကန် ဒေါ်လာ ၂ ဒသမ၂၂၁ သန်းခန့် လျော့ကျခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger