www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 12, 2016

တိုက်ပွဲရှောင်ဒေသခံပြည်သူများ မုံးကိုးမြို့အတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်မှုများကို ဆက်လက်စိစစ်လက်ခံ


မုံးကိုးမြို့အတွင်း ပြန်လည်ဝင်ရောက်လာကြသော တိုက်ပွဲရှောင် ပြည်သူများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၂-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း ဖြစ်ပွားခဲ့သည့် KIA/TNLA/MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင် နေထိုင်လျက် ရှိရာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်၍ မုံးကိုးမြို့ နယ်စပ် ဝင်ပေါက်ဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ များဖြင့် စနစ်တကျ စစ်ဆေး လက်ခံလျက် ရှိသည်။

ထိုသို့ လက်ခံစိစစ် ဆောင်ရွက်လျက် ရှိရာတွင် ပြန်လည်ဝင်ရောက် နေထိုင်မှုများ အနေဖြင့် ဒီဇင်ဘာ ၉ ရက်တွင် အမှတ်(၁) ရပ်ကွက်မှ အိမ်ထောင်စု ၁၂ စု၊ ကျား ၁၅ ဦး၊ မ ၁၃ ဦး အားလည်းကောင်း၊ ဒီဇင်ဘာ ၁ဝ ရက်တွင် အမှတ်(၂) ရပ်ကွက်မှ အိမ်ထောင်စု ၂၄၁ စု၊ ကျား ၅၃၉ ဦး၊ မ ၆၄ဝ ဦးအား လည်းကောင်း၊ ယမန်နေ့တွင် မုံးကိုးမြို့ရှိ ရပ်ကွက်အသီးသီးမှ အိမ်ထောင်စု ၃၇၉ စု၊ ကျား ၅၇ဝ ဦး၊ မ ၇ဝ၈ ဦး၊ စုစုပေါင်း လူဦးရေ ၁၂၇၈ ဦးအား လည်းကောင်း စိစစ် လက်ခံခဲ့ပြီး ယမန်နေ့အထိ အိမ်ထောင်စု ၆၃၂ စု၊ ကျား ၁၁၂၄ ဦး၊ မ ၁၃၆၁ ဦး စုစုပေါင်း လူဦးရေ ၂၄၈၅ ဦးတို့ကို စိစစ်လက်ခံ နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger