www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

တရုတ်နိုင်ငံက X-Ray ရောင်ခြည်ဖြင့် ထိန်းချုပ်ပေးမည့် နက်ရှိုင်းအာကာသဂြိုဟ်တု XPNAV 1 ကို လွှတ်တင်နိုင်ခဲ့



ပေကျင်း ၊ ၂၁-၁၁-၂၀၁၆

ကမ္ဘာတွင် ပထမဆုံးအကြိမ် အဖြစ် မြေပြင်မှ ထိန်းချုပ်မည် မဟုတ်ဘဲ အလှမ်းဝေးကြယ် များက X-Ray ရောင်ခြည်များဖြင့် လမ်းကြောင်း ထိန်းချုပ်ပေးမည့် နက်ရှိုင်း အာကာသ ဂြိုဟ်တု XPNAV 1 ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

XPNAV 1 ကို တရုတ်နိုင်ငံ က လူလိုက်ပါမည့် လ စူးစမ်းလေ့လာရေး လုပ်ငန်းနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်မည့် စူးစမ်း လေ့လာရေးယာဉ် စီမံချက်တို့ အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဂြိုဟ်တုကို LONG MARCH 11 ရော့ကက် ဖြင့် ဂိုဘီ သဲကန္တာရ အတွင်းရှိ JIUQUAN ဒုံးလွှတ်စင်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထူးခြားမှုသည် ကမ္ဘာမြေပြင်မှ ထိန်းချုပ်မည် မဟုတ်ဘဲ နက်ရှိုင်း အာကာသထဲမှ ကြယ်များက ထုတ်လွှင့်သော X-Ray ရောင်ခြည်လှိုင်း ကြိမ်နှုန်းများကို အသုံးပြုကာ ကိုယ်တိုင် လမ်းကြောင်း ရှာသွားမည် ဖြစ်ကြောင်း၊ ၄င်းစနစ်သည် နာဆာ၏ SEXTANT ဂြိုဟ်တုထက်ပင် သာလွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

XPNAV 1 သည် X-Ray လှိုင်းတိုများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း၊ ၄င်းလှိုင်းတို များက ကြယ်များက ထုတ်လွှင့်သော လှိုင်းတိုများနှင့် အချိန် ခြားနားခြင်းကို ဖော်ပြပေး နိုင်မည်ဖြစ်ကြောင်း၊ အာကာသယာဉ် က ၃ ဒသမ ၁ မိုင်အတွင်း ၄င်းလှိုင်းကြိမ်နှုန်း ၏ တည်နေရာကို သိရှိနိုင် ကြောင်း၊ တည်ငြိမ်စွာ ခုန်နေသော လှိုင်းကြိမ်နှုန်း များကို ရှာဖွေတွေ့ရှိ ခြင်းသည် နက်ရှိုင်း အာကာသ အတွင်း လမ်းကြောင်းရှာရန် အလွန် အဆင်ပြေသော နည်းစနစ်တစ်ခု ဖြစ်ကြောင်း သိရသည်။

စီစဉ်ထားသည့် အတိုင်း အောင်မြင်လျှင် XPNAV 1 သည် အာကာသထဲရှိ X-RAY DATABASE ကိုလည်း တည်ဆောက် သွားမည်ဖြစ်သည့် အပြင် ၄င်းဒေတာကို အသုံးပြုကာ ၄င်းရောက်ရှိ  နေသောတည်နေရာ၊ လားရာအရပ် အစရှိသည် တို့ကို ဖော်ပြ ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger