www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 24, 2016

နမ္မတူမြို့အနီးရှိ မုံးစိန်ချောင်းကူးတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီး


TNLA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးထားသော 
မုံးစိန်ချောင်းကူးတံတား ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့၏ မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မုံးစိန်ချောင်းကူး တံတားအား ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီး ခဲ့သည်။

အဆိုပါတံတား မှာ မုံးစိန်ကျေးရွာ နှင့် မုံးတပ်ကျေးရွာ တို့ကို ဆက်သွယ် ပေးထားသည့် အရှည် ၆ဝ ပေ၊ အကျယ် ၁၅ ပေ ခန့်ရှိသည့် သံဘေလီတံတား အမျိုးအစား ဖြစ်ပြီး ဒေသခံပြည်သူ များအတွက် သွားလာရေး၊ ကုန်စည် 

စီးဆင်းရေးတွင် အဓိက အထောက်အကူ ပြုသည့် အများ ပြည်သူပိုင် တံတား ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger