www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 25, 2016

RCSS နှင့် TNLA တိုက်ပွဲတွင် တံတားတစ်စင်း ဖျက်ဆီးခံရ


မိုင်းဆင်ဘေလီတံတား ၏ အလယ်ကြမ်းခင်း မီးလောင်ပျက်စီးမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

RCSS နှင့် TNLA သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များ နမ္မတူမြို့နယ် မိုင်းဆင်ကျေးရွာ အနီး ယမန်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားစဉ် မိုင်းဆင်တံတား ဖျက်ဆီးခံခဲ့ ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နမ္မတူမြို့နယ် မိုင်းဆင်ကျေးရွာ အနီး RCSS နှင့် TNLA သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး မိုင်းဆင်တံတား ဖျက်ဆီးခံ ရကြောင်း သတင်းရရှိသဖြင့် တပ်မတော် နှင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ နမ္မတူ-မုံးဝီး သွားကားလမ်း မိုင်တိုင်အမှတ် (၄/၄)နှင့် (၄/၅) ကြား မိုင်းဆင် ဘေလီတံတား ၏ အလယ် ကြမ်းခင်းအချို့ မီးလောင်ပျက်စီး နေသည်ကို တွေ့ရကြောင်း သိရသည်။

ထို့ပြင် တံတားအနီးတွင် TNLA သောင်းကျန်းသူ အဖွဲ့မှ ကျန်ရစ်ခဲ့သည့် အစိမ်းရောင် ကျောပိုးအိတ် တစ်လုံး၊ ပြောက်ကျား လျှာထိုးဦးထုပ် တစ်လုံး၊ မိုင်းခွဲရာတွင် အသုံးပြုသည့် ၁၂ ဗို့ ဆိုင်ကယ် ဘက်ထရီ ခြောက်တစ်လုံး၊ ပေ ၅ဝ အရှည်ခန့်ရှိ အစိမ်းရောင် ဝါယာကြိုးပျော့ နှစ်ချောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger