www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 29, 2016

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီး


ကွတ်ခိုင်မြို့နယ် မုံးယားရွာအနီး မုံးကိုး-မုံးစီး လမ်းဟောင်းပေါ်ရှိ ကျောက်စီတံတားအား 
မိုင်းဖောက်ခွဲဖျက်ဆီးသည့် နေရာပြ မြေပုံ

နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

ကွတ်ခိုင်မြို့နယ် မုံးယားရွာအနီး မုံးကိုး-မုံးစီး လမ်းဟောင်းပေါ်ရှိ အရှည်ပေ ၄ဝ၊ အကျယ် ၁၂ ပေရှိ ကျောက်စီတံတား အား KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များက နိုဝင်ဘာ ၂၆ ရက် ည ၉ နာရီခန့်တွင်
မိုင်းခွဲဖျက်ဆီး ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါတံတား မိုင်းခွဲဖျက်ဆီး ခံရမှုကြောင့် ပျက်စီးခဲ့ရာ လတ်တလော ဖြတ်သန်း သွားလာ၍ မရသေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger