www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် KIA ၊ TNLA လက်နက်ကိုင်များ ဆက်ကြေးကောက်ခံ


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် တို့တွင် KIA ၊ TNLA လက်နက်ကိုင်များ ဆက်ကြေး ကောက်ခံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ အောက်နမ့်ဖတ်လွန်း ကျေးရွာအနီး ပြည်ထောင်စု ကားလမ်း မိုင်တိုင် (၂၃၈/၃) အနီး၌ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီမှ ၄ နာရီ ခွဲအထိ KIA ၊ TNLA လက်နက်ကိုင် အင်အား ၂ဝဝ ခန့်သည် လမ်း၏ ဝဲ/ယာတောင်ကုန်း များပေါ်၌ အသီးသီးဖြန့်ခွဲ နေရာယူထားပြီး ၂၂ ဘီးတွဲ ဆီဘောက်ဆာ ယာဉ်အား ကန့်လန့်ခံ လမ်းပိတ်ဆို့၍ လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များအား တစ်စီးလျှင် သုံးသောင်း၊ ငါးသောင်းကျပ် နှုန်းဖြင့် ဆက်ကြေး ကောက်ခံမှုများ ပြုလုပ်ကာ ကောင်းခါး၊ မန်ပြိန်းကျေးရွာများ ဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝင်းရှိ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီသို့ KIO တောင်ပိုင်း တိုင်းတပ်မဟာ(၄) အခွန်ဌာနခွဲ၏ ဆက်ကြေး ပေးဆောင်ရန် အကြောင်းကြားစာ လာရောက် ပေးပို့သော KIA တပ်မဟာ (၃) မှ တပ်သားအဆင့်ရှိ ဇော်ရှန်(ခ) မာတီး ၂၉ နှစ် (ဘ) ဦးဇော်လ ဟိုမွန်ရပ်ကွက် မူဆယ်မြို့နေသူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger