www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

ဟန်လင်းဒေသ ဘုရားအမှတ် ၀၂၀ ပြိုကျရာတွင် တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားမှု ပြေလည်



ဝက်လက် ၊ ၁၀-၁၁-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်းရှိ ဘုရားအမှတ် ဝ၂ဝ ပြိုကျရာတွင် တွေ့ရှိခဲ့သည့် ရှေးဟောင်းပစ္စည်း များနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ပြဿနာ များကို ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေကူကြီး ဘုရားရင်ပြင်တော် ပေါ်၌ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ဟန်လင်း ပျူမြို့ဟောင်းရှိ သီတင်းသုံး နေထိုင်သော ကျောင်းတိုက် ၁၄ တိုက်မှ ကျောင်းထိုင် ဆရာတော် သံဃာတော်ကြီးများ၊ ဟန်လင်းဒေသခံ ပြည်သူများနှင့် ဟန်လင်း ပျူမြို့ဟောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ကမ္ဘာ့ အမွေအနှစ် ဌာနခွဲ ဟန်လင်း ဌာနစုမှ တာဝန် ရှိသူများ၊ ဝန်ထမ်းများ တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းခဲ့ရာ ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာ ၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟန်လင်း ပျူမြို့ဟောင်းရှိ ဘုရားအမှတ် ဝ၂ဝ တစ်ဝက်ခန့် ပြိုကျပျက်စီး ခဲ့ပြီး အောက်တိုဘာ ၈ ရက်က ယာယီ ထိန်းသိမ်းမှုများ ပြုလုပ် ဆောင်ရွက်နေစဉ် ပြိုကျ ပျက်စီးခဲ့ရာ စေတီတော် အုတ်ပုံအတွင်းမှ ဘုရားဌာပန ဟု ယူဆရသော ရှေးဟောင်းပစ္စည်း အချို့ တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး ဟန်လင်း ပျူမြို့ဟောင်းရှိ ကျောင်းထိုင် ဆရာတော်ကြီး များနှင့် ဟန်လင်း ဂေါပကအဖွဲ့၊ ဟန်လင်း မြို့ဟောင်း ထိန်းသိမ်းရေး အဖွဲ့စသည့် ဟန်လင်း ဒေသရှိ တာဝန်ရှိသူ များကို အသိမပေးဘဲ ထိမ်ချန်ထား သောကြောင့် မကျေနပ်သဖြင့် ဟန်လင်း ပျူမြို့ဟောင်း ရှေးဟောင်း သုတေသန ဌာနမှ တာဝန်ရှိသူ များကို အရေးယူ ဆောင်ရွက်ပေးရန် အဆင့်ဆင့် တိုင်တန်းခဲ့ကြောင်း ဟန်လင်း ပျူမြို့ဟောင်း တိုက်သစ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသေန က မြွက်ကြားသည်။

ဟန်လင်း ပျူမြို့ဟောင်းရှိ ရှေးဟောင်း ဘုရားများ၊ စေတီများကို ရှေးယခင် အဆက်ဆက် ကပင် ဟန်လင်းဒေသ ရှိ ကျောင်းထိုင် ဆရာတော်ကြီး များ၊ ရှေးဟောင်း ထိန်းသိမ်းရေး အဖွဲ့နှင့် ဒေသခံ ပြည်သူများက ထိန်းသိမ်း စောင့်ရှောက် လာခဲ့ပြီး ပြုပြင်မည့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ဟန်လင်းဒေသရှိ ကျောင်းထိုင် ဆရာတော်ကြီးများ၊ ရှေးဟောင်း ထိန်းသိမ်းရေး အဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး မှတစ်ဆင့် ကျေးရွာသူ၊ ကျေးရွာသား များကို အသိပေး အကြောင်းကြားကာ ပြုပြင် မွမ်းမံမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပြည့်ဖြိုးအောင်

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger