www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

ရာသီဥတုနှင့် အခြားအနှောင့်အယှက် ဖျက်ဆီးမှုများကြောင့် ပင်လယ်လိပ်များ လျော့နည်း ပျောက်ကွယ်စေခဲ့



နေပြည်တော် ၊ ၇-၁၁-၂၀၁၆

ပင်လယ်လိပ်များ လျော့နည်း ပျောက်ကွယ် စေသည့် အဓိက အကြောင်းရင်း များတွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ ရေအောက် ရေစီးကြောင်းများ ပြောင်းလဲလာခြင်း၊ စားကျက် ဒေသများ ပျက်စီးဆုံးရှုံး လာခြင်း၊ ဒီရေ တိုက်စားမှုကြောင့် သဲသောင်များ လျော့နည်း လာခြင်းနှင့် အခြား အသားစား သတ္တဝါများက လိပ်ဥနှင့် သားပေါက်ငယ် များကို ဖမ်းယူ စားသောက်ခြင်း စသည့် အနှောင့်အယှက် ဖျက်ဆီးမှုများ ကြောင့်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ကောက်နုတ်ချက် များအရ သိရသည်။

ထို့ပြင် လူသားတို့၏ ပယောဂများ ဖြစ်သည့် ငါးဖမ်းဆီးခြင်း လုပ်ငန်းများတွင် မတော်တဆ ထိမိခြင်း၊ ဥနှင့် သားပေါက်များကို စားသုံးခြင်း၊ စွန့်ပစ်ပစ္စည်း များနှင့် ပလတ်စတစ် များကြောင့် ရေထု ညစ်ညမ်းမှုကို ခံရခြင်း၊ စည်းကမ်းမဲ့ စွန့်ပစ်သော ငါးဖမ်းပိုက် အစုတ်များတွင် ငြိတွယ် သေဆုံးခြင်း၊ ကမ်းရိုးတန်းဒေသ များတွင် စက်ရုံ၊ အလုပ်ရုံနှင့် လူနေအိမ် အဆောက်အအုံ များ ချဲ့ထွင်လာခြင်း၊ ပင်လယ် မြက်ခင်းပြင် များနှင့် သန္တာ ကျောက်တန်းများ ပျက်စီးလာခြင်း စသည့် အကြောင်း များကြောင့်လည်း ပင်လယ်လိပ်များ လျော့နည်း ပျောက်ကွယ် စေခဲ့ကြောင်း သိရသည်။

သုတေသန လုပ်ငန်းများ အနေဖြင့် ပင်လယ်လိပ် များ၏ ရွှေ့ပြောင်း သွားလာရာ လမ်းကြောင်းများ၊ စားကျက်ဒေသများ၊ ဥဥချရာ ဒေသများ၊ ကြီးထွားနှုန်းများ၊ ရှင်သန်နှုန်း များနှင့် ပင်လယ်လိပ် များ၏ အရေအတွက်များ သိရှိနိုင်ရေး အတွက် အမှတ်အသားပြု လေ့လာခြင်း လုပ်ငန်း၊ လိပ်ကျောခွံပေါ်၌ ဂြိုဟ်တုမှ တစ်ဆင့် ခြေရာခံခြင်း လုပ်ငန်းအတွက် တပ်ဆင်ခြင်း လုပ်ငန်းများနှင့် တစ်ရှူး နမူနာများ ရယူ၍ မျိုးရိုးဗီဇဆိုင်ရာ ခွဲခြားသတ်မှတ် လေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး အမှတ်အသား တံဆိပ် တပ်ဆင်ခြင်း လုပ်ငန်းကို ပင်လယ်လိပ် ကောင်ရေ စုစုပေါင်း ၉၁၄ ကောင်၊ ဂြိုဟ်တုမှ တစ်ဆင့် ခြေရာခံခြင်း တပ်ဆင်ပြီး ကောင်းကင် လုပ်ငန်းအတွက် လိပ်လှောင်း နှစ်ကောင်တို့ကို သုတေသနပြု လေ့လာခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ (၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger