www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

နယ်စပ်ဂိတ်သုံးခုမှ e-Visa ဖြင့် ၀င်ရောက်ခွင့် ရရှိပြီးနောက် နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားလာ



နေပြည်တော် ၊ ၇-၁၁-၂၀၁၆

မြန်မာနိုင်ငံတွင်း သို့ နယ်စပ်ဂိတ် သုံးခုမှ e-Visa ဖြင့် ဝင်ရောက် ခွင့်ပြုပြီးနောက်တွင် နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် နယ်စပ်ဂိတ်များမှ ဝင်ရောက်မှု ပိုမိုများပြား လာကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်အတွင်း အောက်တိုဘာ လကုန်ထိ နယ်စပ်ဂိတ် သုံးခုမှ e-Visa ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဧည့်သည်များမှာ တာချီလိတ် နယ်စပ်ဂိတ်မှ ဦးရေ တစ်သိန်းကျော်၊ မြဝတီနယ်စပ်ဂိတ် မှ ဦးရေ သုံးထောင်ကျော် နှင့် ကော့သောင်း နယ်စပ်ဂိတ်မှ ဦးရေ လေးသောင်း ကျော်ထိ နိုင်ငံခြားသား ဝင်ရောက်မှုမှာ ပိုမိုတိုးတက် များပြား လာကြောင်း သိရသည်။

ပြောင်းလဲ တိုးတက်လာသည့် မြန်မာနိုင်ငံ၏ အခြေအနေများ နှင့်အညီ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် လေ့လာလိုသည့် ပြည်ပ နိုင်ငံပေါင်း ၁ဝဝ မှ ကမ္ဘာလှည့်ခရီးသည် များအတွက် Online မှ Visa လျှောက်ထားသည့် e-Visa စနစ်ဖြင့် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် စတင် ခွင့်ပြုခဲ့ပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၉ ရက်မှစ၍ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် e-Visa စနစ်ဖြင့် ခွင့်ပြု ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း ရင်းနှီးလုပ်ကိုင် လိုသူနိုင်ငံပေါင်း ၅၁ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အတွက် Online စနစ် e-Visa ဖြင့် လုပ်ငန်းဗီဇာ (Business Visa) ကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ရန်ကုန် ၊ မန္တလေးနှင့်  နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် တို့တွင် ထပ်မံခွင့်ပြု ပေးခဲ့ရာ ယခုအခါတွင် မြန်မာ-ထိုင်း အပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ် များတွင် ယခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိရာ နိုင်ငံခြားသား ဝင်ရောက်မှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် သိသာစွာ ပိုမိုများပြား လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger