www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 3, 2016

အိန္ဒိယရေတပ်မှ စစ်ရေယာဉ် သုံးစင်း ချစ်ကြည်ရေးခရီး ရောက်ရှိ


အိန္ဒိယရေတပ်မှ ချစ်ကြည်ရေးခရီး ရောက်ရှိလာသော စစ်ရေယာဉ်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၃-၁၁-၂၀၁၆

အိန္ဒိယရေတပ်၊ အမှတ်(၁) လေ့ကျင့်ရေး ရေယာဉ်အုပ်မှ စစ်ရေယာဉ် INS TIR ၊  INS SUJATA နှင့်  ICGS VARUNA တို့သည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယမန်နေ့ညနေ ၅ နာရီတွင် ရန်ကုန် မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် များတွင် စစ်ရေယာဉ်မှူး ဖြစ်သူ Capt. DJ REWAR ဦးစီး၍ အရာရှိ ၂၃ဝ ဦး၊ အခြားအဆင့် ၅၂ဝ ဦး၊ စုစုပေါင်း ၇၅ဝ ဦးလိုက်ပါ လာပြီး မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၆ ရက်ထိ ငါးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger