www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကာကွယ်ရေး ၀န်ကြီးများ သီးသန့် အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အား 
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက
 ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၆-၁၁-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ တွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ကျင်းပမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ သီးသန့် အစည်းအဝေး တက်ရောက်ရန် ယမန်နေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့် စစ်သံမှူး Col. BOUNMYVIENG VIENGNHOUTTHASAT တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။ အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်နှင့် ပြည်တွင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်း နှင့် ဦးစီးအရာရှိများ အဖွဲ့ဝင် အဖြစ်လိုက်ပါသွား ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger