www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုန်ပြန်ရေး ကော်မတီဖွဲ့စည်း


နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ သတင်းများ ထုတ်ပြန်နိုင်ရန် အတွက် ''နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦး၊ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ရဲမှူးကြီးမျိုးသူစိုး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင် နှင့် အတွင်းရေးမှူး အဖြစ် နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ဖြင့် ဖွဲ့စည်းထားရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger