www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 11, 2016

မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ သုံးဦးနှင့် မသင်္ကာဖွယ်ဘင်္ဂါလီ တစ်ဦး ထပ်မံဖမ်းဆီးရမိ


မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ များကို လက်နက်ခဲယမ်း များနှင့်အတူ
 တွေ့ရစဉ်

မာမက်ဟူစိန် (ဘ) ဒေါ်လာဘာရှီ

နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဆူခါလီ(ဘင်္ဂါလီ) ကျေးရွာရှိ မူဟာမက်အီဆုတ် ၏ နေအိမ်အား ဝင်ရောက် ရှင်းလင်းရှာဖွေ စစ်ဆေးရာ မူဟာမက်အီဆုတ် (ဘ) ဆွေယော့နူလာ၊ ရာမက်ဒူလာ (ဘ) မိုဟာမက်အီဆုတ် နှင့် နော်ဇီမူလာ (ဘ) မိုဟာမက်အီဆုတ် တို့သုံးဦးကို ဒသမ ၃ဝ၃ ထိပ်ဖူးဖြုတ် ထားသော ကျည်ခွံ ၄၂ ခု၊ ဒသမ ၃ဝ၃ ကျည်ဖူး ခုနစ်ခု၊ RZL လက်ကိုင် စကားပြောစက် တိုင်တို တစ်ချောင်း၊ သစ်သားမှိန်း တစ်ချောင်း၊ ဝါးမှိန်း တစ်ချောင်း၊ သံမှိန်း နှစ်ချောင်း၊ ဓားမကြီး လေးချောင်း၊ ဓားမြှောင်သုံးချောင်း၊ အိပ်ဆောင်ဓား အသေး နှစ်ချောင်း၊ အရိုးမပါ လှံသွားတစ်ချောင်း နှင့် လေးမြှောင့် ဆူးချွန် နှစ်ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ယမန်နေ့နံနက် ၇ နာရီခန့်က လည်း ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် သက္ကယ်ပြင် (အနောက်) ကျေးရွာဘက်မှ ထွက်လာသည့် မသင်္ကာဖွယ် ဘင်္ဂါလီ မာမက်ဟူစိန် (ဘ) ဒေါ်လာဘာရှီ အား စစ်ဆေးရာ ဆန်ဖိုနီ (P-5) အမျိုးအစား ဟန်းဆက် တစ်လုံး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တရားမဝင် Robi ဆင်းကတ်တစ်ခု၊ MPT ဆင်းကတ်တစ်ခု တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိ ဘင်္ဂါလီလေးဦး၊ လက်နက်များ နှင့် ဆက်စပ်ပစ္စည်း များအား အင်းဒင်ရဲစခန်း နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) သို့ တရား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး စနစ်တကျ လွှဲပြောင်းအပ် နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger