www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 11, 2016

ရသေ့တောင်မြို့နယ် နှင့် မောင်တောမြို့နယ် အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး လေးဦး ထပ်မံဖမ်းဆီးရမိ




နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်အတွင်း တပ်မတော်သား များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁ နာရီခွဲခန့်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဖာတီကျေးရွာ ဘက်မှ ထွက်လာသည့် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ဆာလာမောက်ဒူလာ(ဘ) ဒူလာမျှား ကို ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ယမန်နေ့နံနက် ၃ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ (အနောက်ရွာ)မှ သက္ကယ်ပြင် ကျေးရွာ(အရှေ့ရွာ) သို့ ပုဇွန်ကန် တာပေါင်ရိုး အတိုင်း လမ်းလျှောက် လာသည့် ကျီးကန်းပြင် ကျေးရွာ (အနောက်ရွာ) နေ မသင်္ကာဖွယ် ဘင်္ဂါလီ လူမျိုး ဇူဘိုင် (ဘ) နူရ်မာလာကိန်း၊ ရှောင်ရှုအာလောင် (ဘ) အဒူမော်ဇော်ဒန် နှင့် အေကရာအူလာ (ဘ) ရှော်ရှီးအာလောင် တို့သုံးဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံလုပ် ဆန်ဖိုနီ ဒီ-၁၅ဝ အမျိုးအစား တယ်လီဖုန်း ဟန်းဆက် တစ်လုံး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တရားမဝင် Robi ဆင်းကတ်တစ်ခု၊ MPT ဆင်းကတ်တစ်ခု တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူများနှင့် သိမ်းဆည်းရမိ ပစ္စည်းများအား တရားဥပဒေ အရ စစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရေး အလယ်သံကျော် နယ်မြေရဲစခန်း နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် (ကျီးကန်းပြင်) သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger