www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 11, 2016

မောင်တောမြို့နယ် အတွင်းရှိ ရဲကင်းစခန်းများ အနီးသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ နှင့် မသင်္ကာဖွယ်ရာ လူများ ချဉ်းကပ်လာသဖြင့် ခြောက်လှန်းပစ်ခတ် ရှင်းလင်း



နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ် များကြောင့် ပြည်သူလူထု တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အောက်တိုဘာ ၁ဝ ရက်တွင် မောင်တောခရိုင် နယ်နိမိတ် အတွင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် ငါးဦးနှင့်အထက် ပိုသောလူများ စုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ ထုတ်ပြန် ထားပြီး ဖြစ်သည်။

မောင်တောမြို့နယ် ဇီးပင်ချောင်းရဲကင်း စခန်းအနီးသို့ နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကင်းစခန်း၏ အရှေ့ဘက် ကိုက် ၁ဝဝ ကျော်ခန့်အကွာမှ မသင်္ကာဖွယ် လူရိပ်များ ဖြတ်သန်း သွားလာသည်ကို တွေ့မြင် ရသဖြင့် ကင်းတာဝန် ကျရဲတပ်ဖွဲ့ဝင် များက ရပ်တန့်ရန် အော်ဟစ်တားမြစ် သော်လည်း ရပ်တန့်ခြင်း မရှိသဖြင့် ခြောက်လှန့်ပစ်ခတ် ခဲ့ရာ ဇီးပင်ချောင်း (မြောက်) ကျေးရွာနေ အီလီယာစ် (ဘ) မာမက်ဟူဆောင်း အား ယာနံ ကြား ကျည်ထိမှန် ဒဏ်ရာ တစ်ချက်ဖြင့် နေရာတွင် အသေဖမ်းဆီး ရမိခဲ့သည်။

ငါးခူရ(မြောက်) ကျေးရွာတွင် နေထိုင်ကြသော ဂေါ်ပီရာမောက် ၃ဝ နှစ်(ဘ)ဆာနီဆိုမာ၊ ဆေနိုရ်ဝါဒါ ၂၈ နှစ်(ဘ)ကိုမီရာမောက်၊ အာစမား ရှစ်နှစ် (ဘ) ဂေါ်ပီရာမောက်၊ အာပဆလ်သူ ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ ဘင်္ဂါလီငါးဦး အနက် အာစမားနှင့် အာပဆလ် တို့သည် အသက်ငယ်ရွယ် သူများ ဖြစ်ခြင်းကြောင့် ဇီးပင်ချောင်း (တောင်) ကျေးရွာရပ်မိရပ်ဖ နူဟူဆောင်း နှင့် ကျေးရွာတာဝန်ခံ အဒူဆာလာမ် တို့ထံသို့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်တွင် စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီး ဂေါ်ပီရာမောက် နှင့်ဇနီးဖြစ်သူ ဆေနိုရ် ဝါဒါ  တို့အား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး  မောင်တောမြို့မ ရဲစခန်းသို့ အပ်နှံ၍ သေဆုံးသူ အီလီယာစ် အား မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ကညင်ချောင်းဝ ရဲကင်းစခန်း အနီးသို့ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၅ ဦးခန့်က ဓားများကိုယ်စီ ကိုင်ဆောင်၍ ချဉ်းကပ် လာသဖြင့် ကင်းတာဝန်ကျမှ ရပ်တန့်ရန် အော်ဟစ်၍ ပြောသော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ချဉ်းကပ်လာရာ ခြံစည်းရိုး အပြင်ဘက် ၁ဝ ပေခန့် အကွာသို့ ရောက်ရှိ လာသဖြင့် ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် များက ခြောက်လှန့်ပစ်ခတ် ရှင်းလင်းခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များမှာ ကင်းစခန်း၏ အရှေ့မြောက် ဘက်ရှိ ကပ္ပကောင်း ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များအနက် နှစ်ဦးအား လက်နက်ငယ် ထိမှန်ဒဏ်ရာ များဖြင့် အရှင်ဖမ်းဆီး ရမိခဲ့ကာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသစေလျက် ရှိကြောင်းနှင့် တရားဥပဒေ အရ အရေးယူနိုင်ရေး နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger