www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 11, 2016

ကချင်ပြည်နယ် ၊ မှော်စီဇာကျေးရွာ အနီး၌ ကောင်းကင်ယံမှ အချင်း ၄ ပေ ၊ အလျား ၁၅ ပေခန့်ရှိ သံထည်ပစ္စည်းတစ်ခု ပြုတ်ကျမှုဖြစ်ပွား


ကောင်းကင်ယံမှ ပြုတ်ကျလာသော ဆလင်ဒါပုံ သံထည်ပစ္စည်းကို တွေ့ရစဉ်

ဦးသောင်းရင်ကျူး ၏ နေအိမ်ပေါ်သို့ ပြုတ်ကျခဲ့သော ဆလင်ဒါပုံ စက်ကိရိယာ အစိတ်အပိုင်း 
တစ်ခုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာကျေးရွာ အနီး၌ ယမန်နေ့နံနက် ၆ နာရီ ၂၃ မိနစ်ခန့်တွင် ကောင်းကင်ယံမှ ပေါက်ကွဲသံ တစ်ခုကြားရပြီး အချင်း ၄ ပေ၊ အလျား ၁၅ ပေခန့်ရှိ ယာဉ် အပိုင်းအစဟု ယူဆရသော ဆလင်ဒါပုံစံ သံထည် ပစ္စည်းတစ်ခု ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ သံထည်ပစ္စည်း သည် မှော်စီဇာကျေးရွာ အနီးရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အတွင်းရှိ ကမ်းပါးယံ စောင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ၄င်းနေရာမှ ပေ ၁၅ဝ ခန့်အကွာရှိ မြေစာပုံ ပေါ်သို့လွင့်စဉ် သွားခဲ့ကြောင်း အဆိုပါ နယ်မြေအတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်း ထံမှ သိရှိရသည်။

ထို့အတူ ၄င်းအချိန်၌ပင် အဆိုပါ သံထည်ပစ္စည်း ကျရောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၉ မိုင်ခန့်အကွာ လုံးခင်းကျေးရွာ အုပ်စု၊ အောင်ဘာလေ ကျေးရွာရှိ ဦးသောင်းရင်ကျူး ၏ နေအိမ်ပေါ်သို့ အချင်း သုည ဒသမ ၈ လက်မ၊ အလျား ၄ ဒသမ ၆ လက်မ၊ လုံးပတ် ၂ ဒသမ ၅ လက်မခန့်ရှိ တရုတ်ဘာသာဖြင့် ရေးသားထားသည့် စာများ ပါရှိသော ဆလင်ဒါပုံ စက်ကိရိယာ အစိတ်အပိုင်း တစ်ခု ပြုတ်ကျခဲ့မှုကြောင့် မီးဖိုဆောင် ခေါင်မိုး ၃ လက်မခန့် ပေါက်ပြဲပျက်စီး ခဲ့ပြီး လူများထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ပြုတ်ကျမှု ဖြစ်ပွားခဲ့သည့် သံထည်ပစ္စည်း များသည် ဂြိုဟ်တု သို့မဟုတ် ဒုံးပျံလွှတ်တင် ရာတွင် တွန်းကန် အားပေးသည့် အင်ဂျင်ပိုင်းဆိုင်ရာ စက်အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်သည်ဟု ယူဆရသည်။ ယင်းသတင်းနှင့် ဆက်စပ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၂ မိနစ်တွင် နိုင်ငံမြောက်ပိုင်း ရှိ ကျန်ချန်းစီးတီး ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ ကြယ်မှုန် ရှာဖွေရေး စမ်းသပ်ဂြိုဟ်တု လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနမှ ယနေ့နံနက် ၁၁ နာရီ ၁၁ မိနစ်ချိန် ထုတ်ပြန်ချက် အရ သိရှိရသဖြင့် မြန်မာနိုင်ငံ အတွင်းပြုတ်ကျ ခဲ့သည့် သံထည်ပစ္စည်းမှာ တရုတ်နိုင်ငံမှ ဂြိုဟ်တု လွှတ်တင် ခဲ့မှုနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger