www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော် သို့ နိုင်ငံခြားခရီးသွားဧည့်သည် ၅၀၀၀၀ ကျော် လာရောက်ခဲ့



ရန်ကုန် ၊ ၈-၁၁-၂၀၁၆

ရွှေတိဂုံ စေတီတော်သို့ အောက်တိုဘာလ တစ်လအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ၅၇၉၆ဝ ဦး လာရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ငွေကျပ် သိန်း ၄၆ဝဝ ကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံ စေတီတော်သို့ အောက်တိုဘာလ အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ၅၇၉၆ဝ ဦးလာရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ငွေကျပ် ၄၆၃၆၈ဝဝဝဝ ရရှိခဲ့သည်။ တစ်ရက်လျှင် ပျမ်းမျှနိုင်ငံခြား ခရီးသွားဧည့်သည် ၁၈၇ဝ ဦး လာရောက်ပြီး အလှူငွေ အမေရိကန်ဒေါ်လာ ၁ဝ၇ဝ၂ ဒေါ်လာရရှိ ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရွှေတိဂုံ စေတီတော်၌ ၂ဝ၁၄ ခုနှစ် ဧပြီလမှစ၍ နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ ကောက်ခံခဲ့ပြီး အောက်တိုဘာလ အတွင်း လာရောက်ကြသည့် နိုင်ငံခြား ခရီးသွားဧည့်သည် များအနက် အများဆုံး လာရောက်သည့် ဧည့်သည်မှာ ထိုင်းနိုင်ငံသား ၁၆၆၅ဝ ဦးဖြစ်ပြီး တရုတ် နိုင်ငံသား ၃၅၄၃ ဦး၊ တောင်ကိုရီးယား နိုင်ငံသား ၃၄ဝ၇ ဦး၊ ဂျပန်နိုင်ငံသား ၃ဝ၅၄ ဦးနှင့် အမေရိကန် နိုင်ငံသား ၂၂၃၂ ဦးလာရောက် ခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလတွင် ရွှေတိဂုံစေတီတော် သို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု လျော့နည်းပြီး စက်တင်ဘာလက နိုင်ငံခြားခရီးသွား ဧည့်သည် ၃၇ဝဝဝ ကျော်သာ လာရောက်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger