www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 1, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်စဉ်

နေပြည်တော် ၊ ၁-၁၁-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu ၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် Gen. Fang Fenghu က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့် Ba Yi တပ်မတော်ခန်းမ သို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu က ကြိုဆို နှုတ်ဆက်ပြီး ဂုဏ်ပြုကြိုဆိုပွဲ သို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်တို့သည် သီးခြားတွေ့ဆုံ ဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေး ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu ဦးဆောင်သည့် အဖွဲ့တို့ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မြန်မာ-တရုတ် နှစ်နိုင်ငံသည် တူညီသည့် မျိုးနွယ်စုက ပေါက်ဖွား လာကြပြီး နှစ်နိုင်ငံနယ်စပ် ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသား များလည်း တူညီမှု ရှိပါကြောင်း၊ ရှည်လျားသည့် ဆက်ဆံမှု သမိုင်းကြောင်းနှင့် ထိတွေ့ ဆက်ဆံမှု နယ်ပယ်များစွာ ရှိပါကြောင်း၊ ကီလိုမီတာ ၂ဝဝဝ ကျော် နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်ခြင်း နှင့် နက်ရှိုင်းသည့် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ရှိခြင်းတို့အပေါ် အခြေခံ၍ ညီအစ်ကို နိုင်ငံများအဖြစ် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြား၍ မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒ နှင့်အညီ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှု အခြေအနေများ၊ တိုင်းပြည်၏ အခြေခံ လိုအပ်ချက် ဖြစ်သည့် တည်ငြိမ် အေးချမ်းမှု ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်က နှစ်နိုင်ငံပြည်သူ လူထုအကြား နှစ်ပေါင်းများစွာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီး ခဲ့မှု အခြေအနေများ၊ လက်ရှိကာလ နှစ်နိုင်ငံ အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီး လည်ပတ်မှုများဖြင့် ဆက်ဆံရေး ပိုမိုဖွံ့ဖြိုး တိုးတက်နေသည့် အခြေအနေများ၊ အလားအလာ ကောင်းများကြောင့် ပိုမိုနီးကပ်စွာ ထိတွေ့ ဆက်ဆံခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်နှစ်ရပ် အကြား နှစ်ဖက်ခေါင်းဆောင် များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ မဟာဗျူဟာ အဆင့် ဆွေးနွေးညှိနှိုင်း မှုများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာများ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ဆေးပညာဆိုင်ရာ အပြန်အလှန် ထိတွေ့ ဆက်ဆံမှု ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာများ၊ သင်တန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu က မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ ဦးစွာ ဂုဏ်ပြုညစာ စားပွဲတွင် Gen. Fang Fenghu က ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက် စကားပြော ကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နွေးထွေးသည့် ဧည့်ဝတ် ကျေပွန်မှု၊ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် ညှိနှိုင်း ဆွေးနွေးမှုများ အတွက် ဝမ်းမြောက်ကြောင်း ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် လာသူများ အတူတကွ ညစာသုံးဆောင် ကြပြီး ညစာသုံးဆောင် နေစဉ်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဖျော်ဖြေရေးအဖွဲ့ က တေးသီချင်းများ တီးမှုတ်ဖျော်ဖြေ ကြသည်။

ညစာသုံးဆောင်ပြီး ချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ကြပြီး ညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger