www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူရွာသား ၁၀ ဦးဖမ်းဆီးရမိ ၊ မောင်တောမြို့နယ် နှာခေါင်းတိုရဲကင်းစခန်းအနီး လူတစ်စုချဉ်းကပ်လာ၍ ပစ်ခတ်ရှင်းလင်းခဲ့


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား ၁ဝ ဦးဖမ်းဆီးရမိပြီး မောင်တောမြို့နယ် နှာခေါင်းတို ရဲကင်းစခန်း အနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန် ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။ 

မောင်တောမြို့နယ် နယ်မြေ(၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုးအနီးသို့ ယမန်နေ့နံနက် ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် မသင်္ကာဖွယ် လူအုပ်စုတစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူ တစ်ဦးအား တွေ့ရှိရသည်။

ထို့ပြင် ဘူးသီးတောင် မြို့နယ် သေကံကျေးရွာ အတွင်း အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆက်စပ် ပါဝင်သည်ဟု သံသယရှိသည့် အဒူကာဒီ ၆၁ နှစ်(ဘ) အဒူဂေါဖောရ် အပါအဝင် ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger