www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 2, 2016

အရှေ့တောင်အာရှရဲ့ ဆိုလာပြား ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ ပြင်ဆင်လာတဲ့ ဗီယက်နမ်နှင့် အင်ဒိုနီးရှား


Indonesia and Vietnam are looking to join Thailand in blazing a trail for solar power in South-east Asia, introducing targets to fire up green energy generation as a landmark global agreement to curb pollution is set to take effect. PHOTO: REUTERS

ဂျကာတာ ၊ ၂-၁၁-၂၀၁၆

ယနေ့မျက်မှောက်ခေတ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိနေပြီး၊ ကျောက်မီးသွေးနှင့် ရုပ်ကြွင်းလောင်စာ တို့မှ ထုတ်ယူသုံးစွဲ နေရတဲ့ စွမ်းအင်များ နေရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုးရန် ပြင်ဆင် လာခဲ့ကြသည်။ 

အလားတူ အရှေ့တောင် အာရှ ဒေသများသည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့အင်အားကြီး နိုင်ငံများ နည်းတူ လိုက်ပါ ဆောင်ရွက်မှုများ ရှိလာခဲ့ကြသည်။

ထို့ကြောင့် လျှပ်စစ်စွမ်းအင် အတွက် ကျောက်မီးသွေးနှင့် ရုပ်ကြွင်းလောင်စာများ အစား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်မျိုး ဖြစ်သည့် ဆိုလာစွမ်းအင်မှ လျှပ်စစ်စွမ်းအားများ ထုတ်ယူရေးကို တွင်တွင်ကျယ်ကျယ် သုံးစွဲ လာခဲ့ကြသည်။ ဆိုလာစွမ်းအင် အတွက် ဆိုလာပြားများကို နယူးဇီလန် နိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် အခြားသော နိုင်ငံများတွင် အရှိန်အဟုန်ဖြင့် ထုတ်လုပ် သုံးစွဲ လျက်ရှိသည်။ 

အရှေ့တောင် အာရှဒေသ များတွင်လည်း  ဆိုလာစွမ်းအင်ကို သုံးစွဲနေပြီ ဖြစ်သော်လည်း၊ ထုတ်လုပ်မှု အပိုင်းတွင် အားနည်းနေသည်။ လက်ရှိ အရှေ့တောင်အာရှ ဒေသတွင် ဆိုလာပြား အများဆုံး ထုတ်လုပ်နိုင် သည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး၊ အိမ်နီးချင်း နိုင်ငံများက ထိုင်းနိုင်ငံမှ တစ်ဆင့် မှာယူသုံးစွဲ နေကြကြောင်း သိရသည်။ ထို့ကြောင့် အရှေ့တောင်အာ ရှိ၏ အင်အားကြီး နိုင်ငံများ ဖြစ်ကြသော ဗီယက်နမ်နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် လည်း ထိုင်းနိုင်ငံနှင့် အတူ အရှေ့တောင် အာရှ၏ ဆိုလာပြား ဈေးကွက်ကို အမီလိုက်ရန် စတင်ပြင်ဆင် နေပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၂ရက် Reuter သတင်းဌာနက ရေးသားဖော်ပြ သွားခဲ့သည်။

ဗီယက်နမ်စက်မှု ဒုတိယ၀န်ကြီး ဟောင်အိန်းဂွာ က - “အရှေ့တောင် အာရှ၏ ဆိုလာပြား ဈေးကွက်ကို ကျွန်တော်တို့ လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါတယ်၊ အခြေခံ အဆောက်အဦး တွေ စတင်တည်ဆောက် နေပါပြီ၊ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေတဲ့ ဆိုလာပြားတွေကို အများဆုံး ထုတ်လုပ်နိုင်တဲ့ နိုင်ငံများ စာရင်းမှာ ပါဝင်နိုင်အောင် ဆောင်ရွက်သွားမယ်” ဟု ပြောကြားသွား ခဲ့သည်။

Indonesia, Vietnam look to blaze trail for solar in South-east Asia

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger