www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 29, 2016

လားရှိုးမြို့နယ် ၊ ဟိုပိတ်ကျေးရွာအနီး လက်လုပ်အသံမိုင်းနှစ်လုံး နှင့် မူဆယ်မြို့အတွင်း လက်လုပ်အသံမိုင်းတစ်လုံး ပေါက်ကွဲ


လားရှိုးမြို့နယ် ၊ ဟိုပိတ်ကျေးရွာအနီး လက်လုပ်အသံမိုင်း
 ပေါက်ကွဲသည့်နေရာများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ လားရှိုး-သိန်းနီ ပြည်ထောင်စု လမ်းမကြီး ညာဘက်ခြမ်း တောင်စောင်း၌ ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် အသံမိုင်းတစ်လုံး၊ အဆိုပါနေရာ ၏ ၁၅ ပေခန့် အကွာ၌ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အသံမိုင်းတစ်လုံး၊ စုစုပေါင်း အသံမိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ ည ၆ နာရီ မိနစ် ၄ဝ ခန့်တွင်လည်း မူဆယ်မြို့၊ ဂေါက်ကွင်းလမ်း နေရာရှိ ဆုံမှတ် လက်ဖက်ရည်ဆိုင် နောက်ဘက် ချုံအတွင်းမှ လက်လုပ် အသံမိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အကြမ်းဖက် သောင်းကျန်းသူ များက ပြည်သူလူထု ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger