www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 28, 2016

Black Friday အွန်လိုင်းရောင်းချမှု စံချိန်သစ်တင်



ဝါရှင်တန် ၊ ၂၈-၁၁-၂၀၁၆

အမေရိကန်နိုင်ငံ တွင် ခရစ္စမတ် နီးကပ် လာသောကြောင့် Black Friday အွန်လိုင်းလျှော့ဈေး ရောင်းချမှုကို ပြုလုပ်လျက် ရှိရာ ယခုတစ်ပတ် သောကြာနေ့ တွင် နိုင်ငံတစ်ဝန်း ရောင်းချရမှုမှာ ပထမဆုံး အကြိမ် အဖြစ် အမေရိကန် ဒေါ်လာ သုံးဘီလီယံ ကျော်ကာ စံချိန်သစ်တင် လိုက်နိုင်ပြီး မိုဘိုင်းဖုန်းမှ ဝယ်ယူမှုများ သည်လည်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ကျော် သွားပြီ ဖြစ်ကြောင်း ၄င်းရောင်းချရမှု နှုန်းကို ခြေရာခံ ကြည့်ရှုနေသော Adobe ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

" Black Friday ရဲ့ ရောင်းချရမှု နှုန်းဟာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံ ရှိခဲ့တဲ့အတွက် အရင်နှစ် ရောင်းချ ရမှုနှုန်းထက် ၃၃ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီလိုရောင်းချ ရမှုနှုန်းတွေ မြင့်တက် လာတာကလဲ မိုဘိုင်းဖုန်းတွေ ပေါ်ကနေ အလွယ်တကူ ဝယ်ယူလို့ နေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ လက်လီ အရောင်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Amazon, Walmart, Target, eBay အစရှိတာတွေ ရဲ့မှတ်တမ်း တွေမှာလဲ မိုဘိုင်းဖုန်း ပေါ်က ဝယ်ယူမှုတွေ မြင့်မား လာခဲ့တယ် ဆိုတာကို ဖော်ပြနေပါ တယ်။ Walmart အအတွက်ဆိုရင် ဝယ်ယူမှု စုစုပေါင်းရဲ့ ၇ဝ ရာခိုင်နှုန်းကျော် က ဖုန်းနဲ့ ဝယ်ယူတာ ဖြစ်နေခဲ့ပါတယ်။ Target ကတော့ ၆ဝ ရာခိုင်နှုန်းကို ဖုန်းပေါ်က ဝယ်ယူတာနဲ့ ကြုံခဲ့ပါတယ်'' ဟု Adobe မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ၍ သိရသည်။

Black Friday deals pulled in more shoppers, with record amounts spent via the Web

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger