www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 28, 2016

လူသစ်စုဆောင်း ၊ ဆက်ကြေးကောက်ခံသူ SSA (၀မ်ဟိုင်း)အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးအား ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၈-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ လူသစ် စုဆောင်းခြင်း နှင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းများ ဆောင်ရွက် နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် တန့်ယန်း-မိုင်းရှူး ကားလမ်းပေါ်ရှိ မိုင်းရှူးမြို့ အဝင် ဂိတ်နေရာ၌ ယာဉ် အဝင်/အထွက် များ စစ်ဆေး ဆောင်ရွက်စဉ် အောက်တိုဘာ ၂၆ ရက် နံနက် ၁ဝ နာရီခန့်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ စိုင်းစိန်(ဘ) ဦးလုံးခန့် မောင်းနှင်လာသော SURF အမျိုးအစား နက်ပြာရောင် (လိုင်စင်မဲ့) မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေး ခဲ့ရာ ယာဉ်အတွင်းမှ လေသေနတ် တစ်လက်၊ ခဲဘူးတစ်ဘူး နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အမာခံသတင်း ပေးနှင့် လူသစ် စုဆောင်းရေး တာဝန်ခံ ခိုဆုံကျေးရွာနေ အိုက်စု (ဘ) ဦးလုံးဝဏ္ဏ သည် မိုင်းရှူးမြို့တွင် ရောက်ရှိနေကြောင်း နှင့် အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီခန့်က မိုင်းရှူးမြို့၊ ရပ်ကွက်(၄) တွင် နေထိုင်သော တောင်ယာလုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြည်သူ ၁၂ ဦးကိုလည်း လူသစ်စုဆောင်း ခေါ်ဆောင် သွားကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့ဖြင့် ဆက်လက် စောင့်ဆိုင်း စစ်ဆေးလျက် ရှိစဉ် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းရှူးမြို့ အတွင်းမှ မြို့ပြင်ဘက် သို့ မော်တော် ဆိုင်ကယ် အပြင်း မောင်းနှင်လာသော အိုက်စုကို စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဆိုင်ကယ်ဖြင့် ပွတ်တိုက်ကာ ထွက်ပြေးသွား ခဲ့သဖြင့် မြို့ပြင်တွင် လုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော် စစ်ကြောင်းက နံနက် ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင် ထပ်မံတားဆီးရာ ရပ်တန့်ခြင်း မရှိဘဲ အရှိန်ပြင်းစွာ ဆက်လက် မောင်းနှင် ထွက်ပြေး သွားသဖြင့် စစ်သည် တစ်ဦးက ရပ်တန့်စေရန် သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ SSA (ဝမ်ဟိုင်း) တပ်ဖွဲ့ဝင် အိုက်စု မှာ ကျည်ထိမှန်ခဲ့ပြီး နေရာတွင်ပင် အသေဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်တွင် ဖမ်းဆီး ရမိခဲ့သည့် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးနှင့် လက်နက်၊ ဆက်စပ်ပစ္စည်း တို့အား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး မြို့နယ် ရဲတပ်ဖွဲ့စခန်း သို့ စနစ်တကျ အပ်နှံ ဆောင်ရွက် သွားမည်ဖြစ်ပြီး အသေဖမ်းဆီး ရမိခဲ့သူအား မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်များဖြင့် ဆေးစစ်ချက် ရယူကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သေမှုသေခင်း ဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်း နှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger