www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 28, 2016

နတ်မြစ်အတွင်း NAVY SEALs အဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ငါးဦးအား ဖမ်းဆီးရမိ




နေပြည်တော် ၊ ၂၈-၁၀-၂၀၁၆

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် ၊ မောင်တောနယ်မြေ များ အတွင်းသို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ထပ်မံ ၀င်ရောက်မှု မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများ ၊ NAVY SEALs အဖွဲ့များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက လှည့်ကင်း ၊ တိုက်ကင်းများဖြင့် နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၁ နာရီခန့်တွင် နတ်မြစ်အတွင်း NAVY SEALs အဖွဲ့မှ တိုက်ရေယာဉ်ဖြင့် တိုက်ကင်း တာဝန် ထမ်းဆောင်စဉ် ဦးရှည်ကျချောင်း ၏ တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ချောင်းပေါက်ငယ် အတွင်းမှ နတ်မြစ်ဘက်သို့ လှော်ခတ်လာသော လှေနှစ်စီးအား တွေ့ရှိသဖြင့် မီးဖြင့် အချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်း မရှိဘဲ ချောင်းပေါက်ငယ် အတွင်းသို့ ပြန်လှည့် ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဒီရေတော အတွင်းတွင် ပုန်းအောင်း နေသည့် ဘင်္ဂါလီလူမျိုး အဒူဇူဝိုင်း (ဘ) ရူဇီမ်းနာ နှင့် ၄င်း၏ဇနီး နူကနိ (ဘ) နုရူဟာတိန် ၊ သမီး ရူဂျီးနား နှင့် သားနှစ်ဦး ဖြစ်သည့် ၀ါဟဲမူတိုဖာ ၊ မူဟာမက် ဟူပိုက် တို့ ငါးဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ငါးဦးအား လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် မောင်တောမြို့မ ရဲစခန်းသို့ မွန်းလွဲ ၂ နာရီတွင် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger