www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 28, 2016

အနယ်နယ်အရပ်ရပ် မှ စေတနာရှင် ပြည်သူများက ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း တပ်မတော်သားများက
 လေယာဉ်ပေါ်သို့ စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများ 
တင်ဆောင်ပေး နေမှုကို ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂၈-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိသော တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအတွက် အနယ်နယ် အရပ်ရပ်မှ ပြည်သူများက စားသောက်ဖွယ်ရာ များနှင့် အသုံး အဆောင် ပစ္စည်းများ ပေးပို့လှူဒါန်း လျက်ရှိရာ အဆိုပါပစ္စည်း များအနက် မှ စားသောက်ကုန် ၆ တန်နှင့် လူသုံးကုန် သုည ဒသမ ၅ တန် စုစုပေါင်း ၆ ဒသမ ၅ တန်အား ယမန်နေ့ နံနက် ၈ နာရီတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်တွေမြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။

အဆိုပါ လှူဒါန်းပစ္စည်း များအား လေယာဉ်ပေါ်သို့ တပ်မတော်သား များက တင်ဆောင်ပေး နေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု အားပေးသည်။

လှူဒါန်းပစ္စည်းများ တင်ဆောင်ထွက်ခွာ သွားသော တပ်မတော် လေယာဉ်သည် စစ်တွေလေဆိပ် သို့ နံနက် ၉ နာရီ ၅ မိနစ်တွင် ရောက်ရှိရာ တာဝန်ရှိသူများက လက်ခံခဲ့ပြီး ၄င်းလှူဒါန်းပစ္စည်း များအား ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ များရှိ ဒေသခံ ပြည်သူများ၊ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထံသို့ ဆက်လက်ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger