www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 3, 2016

KIA လက်နက်ကိုင် အဖွဲ့မှ ထွက်ပြေးလာသည့် အသက် ၁၇ နှစ်အရွယ် တပ်သားအဆင့်ရှိသူ တစ်ဦးအား ဖမ်းဆီးရမိ


KIA လက်နက်ကိုင်အဖွဲ့မှ သန့်ဇင်ထက် (ခ) သားငယ် ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃-၁၀-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက စက်တင်ဘာ ၃ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဟောင်ပါးကျေးရွာ အုပ်စု နန့်စမ်းကျေးရွာ အနီး မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ KIA လက်နက်ကိုင် အဖွဲ့မှ ထွက်ပြေးလာသည့် တပ်သားအဆင့် ရှိ သန့်ဇင်ထက် (ခ) သားငယ် အသက် ၁၇ နှစ် ဘုန်းကြီးမှော် ကျေးရွာနေသူ အား စနက်တံ နှစ်ချောင်းနှင့် အတူ အရပ်ဝတ်ဖြင့် လက်နက်မဲ့ ဖမ်းဆီးရမိ ခဲ့သည်။

၎င်း၏ ပြောကြားချက် အရ ခိုမကျေးရွာ ၏ အနောက်ဘက် မီတာ ၁၂ဝဝ ခန့်အကွာ သို့ သွားရောက် ရှင်းလင်းရှာဖွေ ရာ ဒေသန္တရ လက်လုပ် မိုင်းနှစ်လုံးအား သိမ်းဆည်းရမိ ခဲ့သည်။

ဖမ်းဆီးရမိ သည့် တပ်သားအဆင့်ရှိ သန့်ဇင်ထက် (ခ) သားငယ် သည် ၄င်းအသက် ၁၅ နှစ်အရွယ် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် တာမခံမှ ခန္တီးမြို့သို့ သွားရောက်စဉ် လမ်းခရီး၌ KIA လက်နက်ကိုင် အဖွဲ့မှ ဗိုလ်အဆင့်ရှိ လဘန်လအောင် ဦးစီးအဖွဲ့ ၏ တပ်သားသစ် အဖြစ် စုဆောင်းခြင်း ခံခဲ့ရပြီး KIA လက်နက်ကိုင် အဖွဲ့ တပ်သားသစ် သင်တန်း အမှတ်စဉ် (၁၁/၂ဝ၁၄) အား တက်ရောက်ခဲ့ ရသည်။ သင်တန်းဆင်းပြီးနောက် KIA လက်နက်ကိုင် အဖွဲ့ ဆယ်မိုင်ကုန်း စခန်းတွင် အထွေထွေ လုပ်ငန်းများ လုပ်ကိုင်ခဲ့ရပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ထွက်ပြေး လာခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger