www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 3, 2016

KIA လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးအား ဆက်ကြေးကောက်ရန် ဆောင်ရွက်စဉ် ဖမ်းဆီးရမိ



ဖမ်းဆီးရမိသည့် KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ တူးအောင် (ခ) သာလ အားတွေ့ရစဉ်

နေပြည်တော် ၊ ၃-၁၀-၂၀၁၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ ရှိ အုတ်ဖိုများတွင် KIA လက်နက်ကိုင် အဖွဲ့မှ ဆက်ကြေး ကောက်ခံနေကြောင်း သတင်းအရ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စုံစမ်းရှာဖွေရာ ဒေါ်စန်း ၏ အုတ်ဖိုတဲ၌ ဆက်ကြေး ကောက်ရန် ရောက်ရှိနေသည့် KIA လက်နက်ကိုင် အဖွဲ့မှ တပ်သားအဆင့် ရှိ တူးအောင် (ခ) သာလ အား အရပ်ဝတ်ဖြင့် လက်နက်မဲ့ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသည့် KIA  လက်နက်ကိုင် အဖွဲ့မှ တူးအောင် (ခ) သာလ အား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger