www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 13, 2016

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ အတွက် ဂျပန်နိုင်ငံ JACOM Co., Ltd. က ပညာသင်ဆုများ ပေးအပ်မည်



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၆

ဂျပန်နိုင်ငံ JACOM Co., Ltd. က ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ဆုများ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုကို ယခုနှစ် ကျောင်းဖွင့်ရာသီ ဒီဇင်ဘာလတွင် စတင် တက်ရောက်မည့် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ပေးအပ် သွားမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်ငါးသောင်း နှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ခြောက်သိန်းကို ဘွဲ့ရသည်အထိ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

''ပညာထူးချွန်ပြီး ပညာသင်စရိတ် အတွက် ငွေကြေး အခက်အခဲရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာကြိုးစား နိုင်ဖို့နဲ့ ဘွဲ့ရပြီးရင်လည်း ဒီ JACOM ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ် ဆိုရင် အလုပ်ခန့် ပေးမယ်။ မြန်မာနဲ့ဂျပန် ဆက်ဆံရေးကို ပိုမိုကောင်းမွန် လာစေဖို့ ပံ့ပိုးပေးတာ ဖြစ်ပါတယ်'' ဟု ဂျပန်နိုင်ငံ JACOM Co., Ltd. မှ Director and Chief Operating Officer Mr. Kazuo Kawasaki က ပြောသည်။

အဆိုပါ ပညာသင်ဆုကို ၂ဝ၁၆ ပညာသင်နှစ်မှ ၂ဝ၁၉ ပညာသင်နှစ် အထိ ပံ့ပိုးပေး သွားမည်ဖြစ်ရာ ၂ဝ၁၆ ပညာသင် နှစ်တွင် ပထမနှစ်နှင့် ဒုတိယ နှစ်ကျောင်းသား၊ ကျောင်းသူနှစ်ဦး၊ ၂ဝ၁၇ ပညာသင်နှစ်၊ ၂ဝ၁၈ ပညာသင် နှစ်နှင့် ၂ဝ၁၉ ပညာသင် နှစ်တို့တွင် တစ်နှစ်လျှင် တစ်ဦးစီတိုး၍ သတ်မှတ် ရွေးချယ် ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီပညာသင် ဆုက ကျောင်းသား၊ ကျောင်းသူတွေ အတွက် စာအုပ်စာတမ်းကြေး ကုန်ကျစရိတ်နဲ့ ကျောင်းဖယ်ရီခ စတဲ့ လိုအပ်တဲ့ အစိတ်အပိုင်း တွေကို လုံလောက်မှု ရှိစေဖို့ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေဖို့ JACOM ကုမ္ပဏီက တတ်နိုင်တဲ့ ဘက်က ပါဝင်ပံ့ပိုးကူညီ ပေးတာ ဖြစ်ပါတယ်။ ပညာသင်ဆု အပြင် ဘွဲ့ရပြီးရင် လည်း ဂျပန်နိုင်ငံက JACOM ကုမ္ပဏီမှာ သွားရောက် လုပ်ကိုင်နိုင်မယ့် အခွင့်အရေး လည်းရရှိနိုင်မှာ ဖြစ်ပါတယ်'' ဟု ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်မိုးနွယ် က ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger