www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 27, 2016

တရုတ်တက္ကသိုလ်တစ်ခုတွင် HIV ရှိ၊ မရှိ စမ်းသပ်နိုင်သည့် ပစ္စည်းများကို လွယ်လင့်တကူ ၀ယ်ယူနိုင်အောင် စီစဉ်ထားရှိ



ပေကျင်း ၊ ၂၇-၁၀-၂၀၁၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ နန်ချုံးမြို့ ရှိ Southwest Petroleum တက္ကသိုလ်တွင် HIV ပိုး ရှိ၊ မရှိစမ်းသပ် သိရှိနိုင်သည့် ဆီးစစ်ကိရိယာကို မုန့် အရောင်းဆိုင်ငယ် များ၌ အလွယ်တကူ ၀ယ်ယူနိုင်အောင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

" ဒီလှုပ်ရှားမှုကို ထောက်ရှုခြင်း အားဖြင့် တရုတ်နိုင်ငံမှာ ဆယ်ကျော်သက် လူငယ်တွေအကြား HIV ကူးစက်ပျံ့ နှံ့ မှုနှုန်း မြင့်မားလာ နေတယ်လို့ ကောက်ချက်ချ နိုင်ပါတယ်။တရုတ်အစိုးရဟာ HIV ပိုးကူးစက်မှုကို အမြန်ဆုံး ထိန်းချုပ် လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတာကိုတွေ့ ရပါတယ် " ဟု လေ့လာ စောင့်ကြည့်သူ တစ်ဦးက ပြောပြသည်။ 

" လိင်တူဆက်ဆံတဲ့ ယောက်ျားလေး တွေမှာ HIV ပိုးကူးစက်မှု ပိုများလာတာကို တွေ့ ရပါတယ်။ တရုတ်နိုင်ငံရဲ့  တက္ကသိုလ် သင်ရိုးတွေမှာ HIV/AIDS အကြောင်း ပြည့်ပြည့်စုံစုံ ထည့်သွင်းသင်ကြား ထားတာမျိုး မရှိပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေကိုယ်၌က HIV မရအောင် ဘယ်လို ကာကွယ်ရမယ် ဆိုတာကို ဂဃနဏ မသိပါဘူး။ ပိုးကူးစက် ခံရပြီဆိုရင်လည်း ထုတ်ဖော်ပြောကြား တာမျိုးမရှိတဲ့ အပြင် ဆေးကုသမှုလည်း မခံယူတဲ့အတွက် ပိုးကူးစက်မှုနှုန်း ကမများသင့်ဘဲ များလာရခြင်း ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

" တရုတ်နိုင်ငံတွင် HIV ပိုးကူးစက်ခံထား ရသူ သန်းတစ်ဝက်ခန့် ရှိကြောင်း  UNAIDS ၏ ကိန်းဂဏန်းများ အရ သိရသည်။ တရုတ်နိုင်ငံမှာ HIV ကူးစက်ပျံ့ ပွားတဲ့ နှုန်းက သူ့ လူဦးရေနဲ့ နှိုင်းမယ်ဆိုရင် နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လည်း နိုင်ငံရဲ့ အချို့ နေရာ တွေမှာ HIV ကူးစက်မှုက သိသိသာသာ များနေတဲ့အတွက် တရုတ်အစိုးရက HIV ကူးစက်မှု လျှော့ချနိုင်ဖို့  ပြင်းပြင်းထန်ထန် ကြိုးပမ်းရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လိင်တူဆက်ဆံတဲ့ ယောက်ျားလေး တွေမှာ HIV ကူးစက်တဲ့နှုန်းက မြှင့်တက် နေတာပါ " ဟု UNAIDS မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

" ၂၀၁၃ ခုနှစ်မှာ လိင်တူဆက်ဆံတဲ့ အမျိုးသား ၇ ဒသမ ၃ ရာခိုင်နှုန်းက HIV ကူးစက်ခံခဲ့ ရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ လူတွေ ပွင့်ပွင့်လင်းလင်း မပြောတာ၊ ခွဲခြားဆက်ဆံကြ တာတွေကြောင့် HIV ကူးစက်မှုကို ထိန်းချုပ်ရာမှာ အခက်အခဲတွေ အများကြီးရှိ ခဲ့ပါတယ်။ တရုတ်မှာလည်း အခြားနိုင်ငံတွေ မှာလိုပဲ လိင်တူဆက်ဆံတဲ့ ယောက်ျားလေး တွေကို အထင်သေးစွာ ဆက်ဆံနေဆဲပါ " ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger