www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 5, 2016

ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော မြန်မာ့ကျောက်မျက်ရတနာ ထွက်ကုန်များအား အမေရိကန် ကျောက်မျက်ကုန်သည်များ စိတ်ဝင်စား



ရန်ကုန် ၊ ၅-၁၀-၂၀၁၆

မြန်မာနိုင်ငံရှိ ကျောက်မျက် ရတနာ ထွက်ကုန်များ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင် နိုင်စွမ်းရှိဟု အမေရိကန် ကျောက်မျက် ကုန်သည်များ က မှတ်ချက်ပြုကြပြီး စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ရတနာများသည် ကမ္ဘာ့နိုင်ငံရှိ ကျောက်မျက် ရတနာများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသဖြင့် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာစေရန် နှစ်နိုင်ငံကြား တိုက်ရိုက် ကုန်သွယ်မှု တည်ထောင် နိုင်ရန် အတွက် အထောက်အကူပြု သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ကျောက်မျက် လုပ်ငန်း လုပ်ဆောင်နေမှု များနှင့် ပတ်သက်၍ ပြန်လည် အသိပညာ ရယူခြင်းနှင့် နှစ်ဖက်အတူ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန် ကျောက်မျက် ရတနာ ကုန်သည်များ အသင်းမှ Mr. Jeffrey Bilgare က ပြောသည်။

အမေရိကန်နိုင်ငံ အနေဖြင့် လွန်ခဲ့သော ၃၅ နှစ်ခန့်ကစ၍ ကျောက်မျက် ရတနာ လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာပြီး အကျင့်ပျက်မှုများ ကင်းစင်စေရန် လုပ်ဆောင် နေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း ပြုလုပ်ရန် လိုအပ်ကြောင်း၊ လက်ရှိမြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းကို တန်ဖိုးမြှင့်တင်ပြီး ဖွံ့ဖြိုးလာ စေရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် Master Plan တစ်ခု ရေးဆွဲထားပြီး အစိုးရသို့ တင်ပြထားကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်မှ တစ်ဆင့် ကုန်သွယ်မှု မြှင့်တင် သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်ဝင်း က ပြောသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger