www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 14, 2016

တပ်မတော်စစ်ကြောင်း များက ဒေသတည်ငြိမ် အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတစ်ဦး ၊ သေနတ်တစ်လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ သေနတ်တစ်လက် ၊ ခဲယမ်းများနှင့် အသုံးအဆောင် ပစ္စည်းများကို တွေ့ရစဉ်



နေပြည်တော် ၊ ၁၄-၁၀-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသ လုံခြုံရေး ၊ တည်ငြိမ် အေးချမ်းရေး နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်းကို ကာကွယ် စောင့်ရှောက်ရန် အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လျက် ရှိရာ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် မောင်တောမြို့နယ် ၊ ၀ါးပိတ်ကျေးရွာ ၏ အနောက်ဘက် မီတာ ၂၀၀ ခန့် အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင် အုပ်စု ၊ ၀ါးပိတ်ကျေးရွာ နေ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက် (ဘ) ဖွေဘာမောက် အား ဖမ်းဆီး ရမိခဲ့သည်။

ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် စစ်ကြောင်း က အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီး သွားခဲ့သည့် ၀ါးပိတ်ကျေးရွာ အတွင်း အသေးစိတ် ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစား သေနတ်တစ်လက် ၊ ကျည်အိမ်မျိုးစုံ ၁၀ ခု ၊ ကျည်မျိုးစုံ ၁၅၀၀ တောင့် ၊ ပြောက်ကျား ယူနီးဖောင်း တစ်စုံ ၊ RSO အလံ ၂၄ ခုနှင့် RSO တံဆိပ်ပါ လည်စည်း ၄၀ ခုနှင့် ဓားရှည်တစ်ချောင်း တို့အား လက်ခံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger