www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

Ama Waterways မှ Golden Treasures of Myanmar အမည်ရှိ ရေကြောင်းအပန်းဖြေ ခရီးစဉ်အတွက် လက်မှတ်များ စတင်ရောင်းချ


Ama Pura အပျော်စီးသင်္ဘော

ရန်ကုန် ၊ ၃-၉-၂ဝ၁၅

မြန်မာနိုင်ငံမှ ရှေးဟောင်း မြို့တော်များ၏ အလှအပ ရှုခင်းများကို မြစ်ကြောင်းမှ ကြည့်ရှု လေ့လာရင်း အပန်းဖြေ နိုင်မည့် Golden Treasures of Myanmar ခရီးစဉ်အတွက် ကမ္ဘာကျော် နာမည်ကြီး အပျော်စီး သင်္ဘော လုပ်ငန်းစု Ama Waterways မှ စတင် ကြေညာကာ ခရီးစဉ် လက်မှတ်များ ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ထင်ရှား ကျော်ကြားသော ရှေးဟောင်း မြို့တော်များ ဖြစ်သည့် ပြည်၊ သရေခေတ္တရာ၊ မင်းလှ၊ စလေ၊ ပုဂံနှင့် မန္တလေးမြို့ တို့၏ ရှုမျှော်ခင်း မြင်ကွင်း များကို မြင်တွေ့ခံစား နိုင်စေရန် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည် များကို Ama Waterways မှ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

၎င်း ခရီးစဉ်ကို ခရီးသည် ၅၆ ဦးခန့် လိုက်ပါစီးနင်း နိုင်သော Ama Pura အမည်ရှိ အပျော်စီး သင်္ဘောကြီးဖြင့် လည်ပတ်ကြမည် ဖြစ်ပြီး ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည် တစ်ဦးလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၄၈ဝဝ နီးပါး ပေးရမည် ဖြစ်ကြောင်း ၊ ယင်းခရီးစဉ်တွင် Ama Pura အပျော်စီး သင်္ဘောကြီး ပေါ်၌ နိုင်ငံတကာ ကြယ်ငါးပွင့် ဟိုတယ်ကြီးများမှ အစားအသောက်၊ နေရာထိုင်ခင်း မျိုးကဲ့သို့ စီစဉ်ဖန်တီး ပေးမည် ဖြစ်သည်။

အဆိုပါ Golden Treasures of Myanmar ရေကြောင်း အပန်းဖြေ ခရီးစဉ်သည် ၁ဝ ရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၁၄ ရက်ခန့် ကြာမြင့်မည့် တခြားသော ရေကြောင်း အပန်းဖြေ ခရီးစဉ်တစ်ခု ဖြစ်သည့် Hidden Wonders of Myanmar ခရီးစဉ်ကိုလည်း Ama Waterways မှ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ထို ခရီးစဉ်တွင် ပုဂံ၊ မန္တလေးနှင့် စစ်ကိုင်း အစရှိသော ဒေသများ၏ ရှုမျှော်ခင်း မြင်ကွင်းများ ကို မြစ်ကြောင်းမှ ကြည့်ရှုခံစား ကြရမည် ဖြစ်ကာ ခရီးသည် တစ်ဦးအတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၆၆ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger