www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 25, 2016

နေပြည်တော်၌ ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ယူရိုငွေ အစား အမေရိကန်ဒေါ်လာ ဖြင့် ပြောင်းလဲပေးချေ နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိ



နေပြည်တော် ၊ ၂၅-၁၀-၂၀၁၆

နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် ကျောက်မျက် ရတနာ ပြပွဲတွင် ရတနာ ရောင်းရငွေများကို ယူရိုငွေ အစား အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲပေးချေ နိုင်ရန် ပြည်တွင်း လုပ်ငန်းရှင် များနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း ကျောက်မျက် ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။

ယခုနှစ် ပြပွဲတွင် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုမှ ဖြေလျှော့မှု တချို့ ရရှိခဲ့သောကြောင့် အမေရိကန် ကုန်သည်များ ဝင်ရောက် လာနိုင်သဖြင့် ကျောက်မျက် ရတနာ ပြပွဲ၌ ပုံမှန် အသုံးပြုနေသည့် ယူရိုငွေ အစား အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲ ရောင်းချရန် ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် ကျင်းပမည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန် ကုန်သည်များ လာရောက်ရန် ရှိသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင် များက ခန့်မှန်းနေကြ သော်လည်း ပြပွဲ ကျင်းပရန် တစ်လအလို အထိ စာရင်းပေးထားခြင်း မရှိသေးကြောင်း ပြပွဲ ကျင်းပရေး ဗဟိုကော်မတီ မှ သိရသည်။

''ဝန်ကြီးဌာနနဲ့တော့ ညှိနှိုင်းနေတာ တွေရှိတယ်။ အပေါ်ပိုင်း မှာတော့ ညှိနှိုင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ အောက်ခြေပိုင်းမှာ ငွေကြေးကို လွှဲပြောင်းလုပ်တဲ့ အခါ ယူရို နဲ့ပဲ အဆင်ပြေတာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ပြောင်းလဲဖို့ ရှိ၊ မရှိ ဆွေးနွေးနေတုန်း ပါပဲ'' ဟု ပြပွဲကျင်းပရေး ဗဟိုကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger