www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 10, 2016

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း လုပ်ငန်းစီမံချက်ပေါင်း ၃၀၀ ကျော်ကို ပြည်ပအကူအညီဖြင့် ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၀-၁၀-၂၀၁၆

၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ငါးနှစ်တာ ကာလအတွင်း လုပ်ငန်း စီမံချက်ပေါင်း ၃၃၇ ခုကို ပြည်ပ အကူအညီ အမေရိကန် ဒေါ်လာ ၁၉၇၄ သန်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း တွင်ဖော်ပြ ထားချက်အရ သိရသည်။

ပြည်ပ အကူအညီ များကို ကဏ္ဍအလိုက် ခွဲဝေသုံးစွဲရန် သတ်မှတ်ထားပြီး ဆောက်လုပ်ရေး ကဏ္ဍတွင် ၂၁ ရာခိုင်နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း၊ နည်းပညာ ကဏ္ဍနှင့် လူမှု ကာကွယ်ရေး ကဏ္ဍတွင် ၉ ရာခိုင်နှုန်းစီ၊ ပညာရေး ကဏ္ဍတွင် ၇ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍ တွင် ၆ ရာခိုင်နှုန်းစီ၊ ကျန်းမာရေး ကဏ္ဍတွင် ၅ ရာခိုင်နှုန်း၊ အသက်မွေး ဝမ်းကျောင်း ကဏ္ဍတွင် ၄ ရာခိုင်နှုန်း၊ စာရင်းအင်း ကဏ္ဍ၊ ရေရရှိရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍတို့တွင် ၃ ရာခိုင်နှုန်းစီ၊ သဘာဝဘေး အန္တရာယ် တားဆီးရေး ကဏ္ဍ၊ သစ်တောကဏ္ဍ နှင့် မီဒီယာကဏ္ဍ တို့တွင် ၂ ရာခိုင်နှုန်းစီ၊ ကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ တို့တွင် ၁ ရာခိုင်နှုန်းစီ သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

ပြည်ပ အကူအညီ များသည် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ဆင်းရဲမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ လက်ရှိမြန်မာ နိုင်ငံ၌ အဓိက အားဖြင့် အခြေခံကျသော အပိုင်းများကို ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး ကဏ္ဍစုံ တိုးတက်မှု ရှိလာစေရန် ပြည်ပနိုင်ငံ အများစုက မြန်မာနိုင်ငံကို အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger