www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 1, 2016

မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှင့် ပေါင်းစပ်ဓာတုကုန်ကြမ်း ဆေးဝါး တင်သွင်း ရောင်းဝယ်မှုတို့က အဓိကကျ



ရန်ကုန် ၊ ၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းရာတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပေါင်းစပ် ဓာတုကုန်ကြမ်း ဆေးဝါးများ တင်သွင်း ရောင်းဝယ်မှု တို့က အဓိက ကျနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူး ရဲမှူးကြီး မြင့်အောင် ထံမှ သိရသည်။

စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသော ပရီကာဆာ ထိန်းချုပ် ဓာတုပစ္စည်း များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုဆေးဝါးများ ဝင်ရောက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ စုပေါင်းကာ နှစ်စဉ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ တင်သွင်း ရောင်းဝယ်မှုများ ထိန်းချုပ်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း၌ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး စီမံချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိသည်။ သို့သော် တားဆီး နှိမ်နင်းရုံဖြင့် မူးယစ်ဆေးဝါး ပြဿနာ ပပျောက် သွားမည် မဟုတ်သောကြောင့် ပညာပေး လုပ်ငန်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို ပညာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန တို့နှင့် ပူးပေါင်း၍ ပြည်သူများအား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက် ပေးလျက် ရှိရာ ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ရန် လိုကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger