www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 29, 2016

အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများက ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား စစ်တွေမြို့ မှတစ်ဆင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ပို့ဆောင်



နေပြည်တော် ၊ ၂၉-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် များ အတွင်းရှိ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိသော တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအတွက် အနယ်နယ် အရပ်ရပ်မှ ပြည်သူများက လှူဒါန်းထားသည့် စားသောက်ကုန် ၆ တန်နှင့် လူသုံးကုန် သုည ဒသမ ၅ တန် စုစုပေါင်း ၆ ဒသမ ၅ တန်သည် အောက်တိုဘာ ၂၇ ရက်တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိခဲ့ရာ ၄င်း ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့ သို့ ရေယာဉ်ဖြင့် ဆက်လက် ပို့ဆောင် ပေးခဲ့သည်။

ထို့အတူ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း ကလည်း စစ်တွေမြို့၊ နယ်မြေခံ တပ်ခန်းမ၌ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့မှ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် များအတွင်းရှိ ဒေသခံပြည်သူများ၊ နယ်မြေ လုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိသော တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အတွက် ခေါက်ဆွဲခြောက် ၁၅ ဖာ၊ ရေသန့် ၈၃ ကတ်၊ ဓာတ်ဆား ၂ဝ ဖာ၊ အခြား စားသောက်ကုန် နှင့် ဟင်းသီးဟင်းရွက် တို့အား လာရောက်ပေးအပ် လှူဒါန်းရာ နယ်မြေခံတပ်မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger